ဆရာကြီးဒေါက်တာခင်မောင်ညွန့်ရေးသားသော “An Outline History of Myanmar Literature (Bagan Period to Kon-baung Period)” စာအုပ် ထုတ်ဝေဖြန့်ချိ

ဆရာကြီးဒေါက်တာခင်မောင်ညွန့်ရေးသား၍ ဒုတိယအကြိမ်ထပ်မံဖြည့်စွက်ထားသော “An Outline History of Myanmar Literature (Bagan Period to Kon-baung Period)” စာအုပ်ကို စာပေဗိမာန်က ထုတ်ဝေလိုက်ပါသည်။ “An Outline History of Myanmar Literature (Bagan Period to Kon-baung Period)” စာအုပ်ကို ၁၉၉၈ ခုနှစ်တွင် စာပေဗိမာန်က ပထမအကြိမ် ထုတ်ဝေခဲ့ပြီး၊ ၂၀၂၃ ခုနှစ်တွင် ထပ်မံဖြည့်စွက်ပြီး ဒုတိယအကြိမ်အဖြစ် စာပေဗိမာန်က ထပ်မံ ထုတ်ဝေခြင်း ဖြစ်ပါသည်။

စာအုပ်တွင် လင်္ကာများနှင့် ကျောက်စာများ ထွန်းကားသော ပုဂံခေတ်စာပေ၊ ရဲသွေးရဲမာန် တက်ကြွစေသော ကာချင်းများ ပေါ်ထွက်သည့် ပင်းယခေတ်စာပေ၊ ရဟန်းစာဆိုတော်များ ထင်ရှား ပြီး ပျို့ ထွန်းကားသည့် အင်းဝခေတ်စာပေ၊ ရတုနှင့် ဧချင်းတို့ အားကောင်းသော တောင်ငူခေတ် စာပေ၊ စကားပြေရေးဖွဲ့မှု ကြွယ်ဝသော ညောင်ရမ်းခေတ်စာပေ၊ ပျို့ရေးဖွဲ့မှု တစ်ဖန် ဆန်းသစ် လာသည့် ကုန်းဘောင်ခေတ်ဦးစာပေနှင့် စကားပြေအမျိုးမျိုး၊ ကဗျာအမျိုးမျိုး၊ ပြဇာတ် စသည်ဖြင့် စာပေအမျိုးအစားစုံလင်သည့် ကုန်းဘောင်ခေတ်နှောင်းကာလစာပေဟူ၍ မြန်မာစာပေဖွံ့ဖြိုး တိုးတက်လာပုံ အဆင့်ဆင့်ကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည်။ စာပေကောက်နုတ်ချက် များကို အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် ယှဉ်တွဲဖော်ပြထားသည်။

မြန်မာစာပေ စိတ်ဝင်စားသူ လူငယ်များ၊ မြန်မာစာပေကို အင်္ဂလိပ်ဘာသာဖြင့် ဖတ်ရှု လေ့လာလိုသူများ၊ မြန်မာစာပေကို လေ့လာလိုသူ နိုင်ငံခြားသားများ ဖတ်ရှုသင့်သော စာအုပ်ကောင်း တစ်အုပ်ဖြစ်သည်။
“An Outline History of Myanmar Literature (Bagan Period to Kon-baung Period)” စာအုပ်ကို တန်ဖိုး ၂၅၀၀ ကျပ်ဖြင့် ရန်ကုန်၊ အမှတ် ၅၂၉- ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန် စာအုပ်ဆိုင် (ဖုန်း ၀၁-၂၄၉၀၃၁၊ ၀၁-၃၈၁၄၄၈)၊ အမှတ် (တ-၅၅)၊ သပြေကုန်းဈေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန် စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) တို့တွင် ဝယ်ယူရရှိနိုင်ကြောင်း သတင်းရရှိသည်။
 

အကြံပြုစာ/တိုင်ကြားစာ