၁၀ - ၆ - ၂၀၂၃ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၅)၊ အမှတ် (၂၃) ထွက်ရှိ

 
ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၀ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ်အတွဲ(၅၅)၊ အမှတ်(၂၃)၌ မိခင်ကို အလုပ်အကျွေးပြုနေသောသူကို ဓားပြများကပင် အတုယူပြီး ပြန်လည်ကူညီပေးသည့်အကြောင်း တင်ဆက်ထားသည့် “သားလိမ္မာ”မျက်နှာဖုံးကာတွန်း၊ လိမ်လည်ကောက်ကျစ်ခြင်းနှင့် ပရိယာယ်သုံးခြင်းကို မနှစ်သက်ဘဲ၊ ရိုးသားပြီး တိကျမှုကို နှစ်သက်သော အဘိုးအိုနှင့် ကတိမတည်သော လူငယ်လေးအကြောင်း တင်ဆက်ထားသည့် “အကြံပိုင်၍ အကြွေးပြန်ရခြင်း” နှစ်မျက်နှာကာတွန်း၊ ဘုရင်ကြီးသည် ပညာရှိအမတ်ကြီးအား ပညာစမ်းလို၍ အားလုံးဆင်တူနေသော မြင်းသားအမိအား ခွဲခြားခိုင်းသည့်အကြောင်း တင်ဆက်ထားသည့် “အမေ”  နှစ်မျက်နှာကာတွန်း၊ ဗဟုသုတစုံလင်သည့် ရွှေသွေးဂျာနယ်ကို ကလေးတို့ဖတ်သင့်သည့်အကြောင်း ရေးသား ထားသည့် “ဘုန်းဆင့်-ကလေးတို့ဖတ်စရာ” တစ်မျကနှာကာတွန်း၊ မျက်စိဆရာဝန်ကြီးမှ သွားဆရာဝန်အဖြစ် ရည်ရွယ်ချက်ပြောင်းသွားသည့် ဖြိုးရဲအကြောင်းကို ဟာသဖြစ်ဖွယ် တင်ဆက်ထားသည့်  “သွားဆရာဝန်” နှစ်မျက်နှာကာတွန်း၊ ကျောင်းသို့ ကျန်းမာရေးလာစစ်သောအခါ မျက်စိ၏အရောင်မှာ အညိုရောင်ဖြစ် နေသည်ကို ပြန်ဖြေလိုက်သည့် ပေါ်ဝိုင်း၏အဖြေကို ဟာသဖြစ်ဖွယ် တင်ဆက်ထားသည့် “အရင်အတိုင်းပါပဲ” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။

လူသားတစ်ယောက်တွင် “စားဝတ်နေရေး”သည် မရှိမဖြစ် အရေးကြီးသည့် အခြေခံ လိုအပ်ချက်များအကြောင်း၊ စီးပွားရေးပညာ ဗဟုသုတပေးထားသည့် “ကစ်ဒီနော်မစ်” သုတဆောင်းပါး၊ ဆင်နှင့် မျောက်တို့တွင် စွမ်းရည်ကိုယ်စီရှိကြကြောင်း ပညာရှိဇီးကွက်က ဆုံးဖြတ်ပေးလိုက်သည့်အကြောင်း  ရေးသားထားသည့် “စွမ်းရည် ကိုယ်စီ” ပုံပြင်ကဏ္ဍ၊      မိမိ၏ မွေးနေ့ကို မလာနိုင်သည့် သူငယ်ချင်း၏အခက်အခဲကို နားမလည်ဘဲ တစ်ဖက်သတ် အတွေးဖြင့် စိတ်ဆိုးနေသည့် ကျောင်းသူလေးသဉ္ဇာကျော်အကြောင်း ရေးသားထားသည့် “ သူ့ဘက်မှာ” ဝတ္ထုကဏ္ဍနှင့် မိမိဖတ်ရှုပြီးသော စာအုပ်များကို စုဆောင်းကာ စာကြည့်တိုက်သို့ လှူဒါန်းသည့် ကလေးငယ်အကြောင်း ရေးဖွဲ့ထားသည့် “စာအုပ်အလှူ” ကဗျာကဏ္ဍတို့ကို တင်ဆက်ထားပါသည်။

အင်္ဂလိပ်စာကဏ္ဍအနေနဲ့ Preposition အကြောင်း လေ့ကျင့်ခန်းများနှင့်တကွ ဥပမာများပေး၍ ရှင်းလင်းထားသည့် “ရွှေသွေးစကားဝိုင်း” ကဏ္ဍနှင့် ဉာဏ်စမ်းကဏ္ဍတို့ကို တင်ဆက်ထားပါသည်။ရွှေသွေးဂျာနယ်ကို   ကိုယ်စားလှယ်အဖြစ်   မှာယူဖြန့်ချိလိုပါက    တစ်စောင်လျှင်   ၄၀၀  ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု ၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊  ရန်ကုန်မြို့။  ဖုန်း- ၀၁- ၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။ 
 

အကြံပြုစာ/တိုင်ကြားစာ