“ရေနံ့သာမောင်ကျော်ညွန့်” ရေးသားသည့် “ရေအဆန်လေထန်ကြမ်းပေမဲ့ ကမ်းရောက်ခဲ့ပြီ” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က စာပေဗိမာန် စာမူဆု လူငယ်စာပေ ဒုတိယဆုရရှိသည့် စာရေးဆရာ ရေနံ့သာမောင်ကျော်ညွန့်၏ “ရေအဆန် လေထန်ကြမ်းပေမဲ့ ကမ်းရောက်ခဲ့ပြီ” စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။

ယင်းစာအုပ်တွင် ဝတ္ထုရှည်ဇာတ်လမ်းသဖွယ် ရေးသားထားသော်လည်း အခန်း (၁၂) ခန်းဖြင့် ဝတ္ထုတိုလေးများသဖွယ် ခွဲထားသည်။ သူကိုယ်တိုင်ဖြတ်သန်းခဲ့ရသည့် ဘဝဇာတ်ကြောင်းကိုပင် အတုယူအားကျဖွယ် ရေးသားထားသည်။ တောသူတောင်သား သာမန်ကလေးငယ်တစ်ဦး သူ့ ရည်မှန်းချက်အတိုင်း ကျောင်းဆရာဖြစ်အောင် ကျားကုတ်ကျားခဲ ကြိုးစားခဲ့ရပုံ၊ ကြိုးစားသည့် အလျောက် ထူးချွန်ဆုများရခဲ့ပုံ၊ ကြိုးစားမှုရလဒ်အဖြစ် ဆရာအတတ်သင်ဝင်ခွင့်နှင့် သင်တန်း ကျောင်းတွင် ထိပ်ဆုံးအဆင့်ရခဲ့ပုံ၊ ထူးချွန်သည့်အလျောက် ကျောင်းဆရာအဖြစ် နှစ်သက်ရာ မြို့ရွာပင် ရွေးချယ်ခွင့်ရကာ မိမိဇာတိရွာတွင် ငယ်ဆရာနှင့်အတူ နိုင်ငံ့အကျိုး၊ ရပ်ရွာအကျိုး ဆောင်ရွက်သွားပုံနှင့် အချို့အခန်းခွဲများတွင် လိုအပ်သလို ကဗျာလေးများညှပ်၍ စိတ်ဝင်စားဖွယ် ရေးသားထားသည်။ ချစ်ခင်ဖွယ်တောရွာဓလေ့များ၊ မိခင်မေတ္တာများပါ ပေါင်းစပ်ကာ သုတရသဖြင့် ထုံမွမ်းရေးသားထားသဖြင့် ဖတ်ရှုဖွယ်ကောင်းသော သုတရသစာအုပ်ကောင်းတစ်အုပ် ဖြစ်သည်။

အဆိုပါစာအုပ်ကို ရောင်းစျေး (၂၅၀၀) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။
 

အကြံပြုစာ/တိုင်ကြားစာ