­­­­၂၇ - ၅ - ၂၀၂၃ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၅)၊ အမှတ် (၂၁) ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ မေလ ၂၇ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၅)၊ အမှတ်(၂၁)၌ ဉာဏ်ပညာကြီးမားသည့် မင်းသားလေးဒိဗ္ဗနှင့် စကားကို ချိုသာယဉ်ကျေးစွာ ပြောဆိုပါက တိရစ္ဆာန်ပင် ကျိုးနွံယဉ်ပါးလာပုံအကြောင်းကို တင်ဆက်ထားသည့်နန်းညွန့်ရတနာမျက်နှာဖုံး ကာတွန်း၊ သဘာဝအရ ကျောကုန်းပေါ်၌ အခွံမာပါရှိ၍ အသွားနှေးသောလိပ်ကို ကဲ့ရဲ့ဝေဖန်ကြရာမှ ဒုက္ခနှင့် ကြုံတွေ့ချိန်တွင် အမြင်မှန်ရသွားသော ဖားနှင့်ငါးလေးတို့အကြောင်းကို တင်ဆက်ထားသည့် လိပ်နှင့် ဗျိုင်းနှစ်မျက်နှာကာတွန်း၊ သူတစ်ပါးကို ကဲ့ရဲ့လွန်းသဖြင့် မိတ်ဆွေမရှိဘဲ နေထိုင်ရသော ရှဉ့်လေးအကြောင်းကို တင်ဆက်ထားသည့် “အထီးကျန်” နှစ်မျက်နှာကာတွန်း၊ မြေးကိုချစ်လွန်း၍ အလိုလိုက်ထားရာမှ ဒုက္ခရောက်ရပုံကို အတုယူဖွယ် တင်ဆက်ထားသည့် ရွှေပိုး- ဘိုးဘိုးချစ်နှစ်မျက်နှာ ကာတွန်း၊ မည်သည့်အရာမဆို ပျက်သည့်အချိန်မှ ပြင်မည့်အစား မပျက်စီးခင်ကပင် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားသင့်ကြောင်း တင်ဆက်ထားသည့်ဖိုးလပြည့်တစ်မျက်နှာကာတွန်းနှင့် သတိရှိက ပညာရှိဖြစ်နိုင်ပုံကို ရေးဖွဲ့ထားသည့် ကျောက်ပုမျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။

ကလေးများအနေဖြင့် နေ့စဉ်ကြုံတွေ့နေရသော နေထိုင်စားသောက်မှုနှင့် သက်ဆိုင်သော အီကော်နောမစ် (Economic) အကြောင်းကို ဗဟုသုတရဖွယ် တင်ဆက်ထားသည့် ကစ်ဒီနောမစ် (Kiddynomics)သုတဆောင်းပါးကို တင်ဆက်ထားပါသည်။ မိမိမသိရှိသေးသော အကြောင်းအရာများကို အခြားသူများကို မေးမြန်းဆောင်ရွက်သင့်ကြောင်း တင်ဆက်ထားသည့်မသိလျှင် မေးတတ်စေ ချင်သည်  ဝတ္ထုနှင့် သူတစ်ပါးကို ဒုက္ခရောက်စေရန် လှည့်ဖြားပြောဆိုပါက မိမိတွင်လည်း ဒုက္ခရောက် ရပုံအကြောင်းကို တင်ဆက်ထားသည့် “လှည့်ဖြားတတ်တဲ့ မျောက်ပုံပြင်တို့ကို တင်ဆက်ထားပါသည်။ ထို့ပြင် ကလေးတို့အနေဖြင့် ပေးထားသော ရုပ်ပုံကို မိမိတို့စိတ်ကြိုက် အရောင်များဖြင့် ခြယ်သနိုင်မည့် “ဆေးရောင်လှလှ ခြယ်ကြရအောင်” ဉာဏ်စမ်း၊ ကလေးတို့ပေးပို့သော ကာတွန်းလက်ရာများကို ဖော်ပြ ပေးထားသည့် “ရွှေသွေးတို့လက်ရာ” ကဏ္ဍနှင့်  စာသင်ကျောင်းတွင် ပျော်ရွှင်ချမ်းမြေ့စွာ ပညာသင်ယူ ကြသည့် ကလေးများအကြောင်းကို ရေးဖွဲ့ထားသည့်နိုင်ငံ့သီးပွင့်များကဗျာတို့ကို တင်ဆက်ထားပါသည်။

အင်္ဂလိပ်စာသင်ခန်းစာကဏ္ဍအနေဖြင့် Preposition အချို့၏ အသုံးအနှုန်းများကို လေ့ကျင့်ခန်း များနှင့်တကွ လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊      ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။

အကြံပြုစာ/တိုင်ကြားစာ