ဒုတိယဆု ရရှိသည့် စာရေးဆရာမ သက်ဦးခင်၏ “မင်္ဂလာရှိသောနေ့နှင့် ကလေး ဝတ္ထုတိုများ” စာအုပ်ကို ဖြန့်ချိရောင်းချ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က စာပေဗိမာန်စာမူဆု၊ ကလေးစာပေ ဒုတိယဆု ရရှိသည့် စာရေးဆရာမ သက်ဦးခင်၏ “မင်္ဂလာရှိသောနေ့နှင့် ကလေး ဝတ္ထုတိုများ” စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။


ယင်းစာအုပ်တွင် မင်္ဂလာရှိသောနေ့၊ ကျော်ကျော် လိမ္မာပြီ၊ ဂိမ်းမင်းသား၊ တာဝန်ကျေသော ကင်းသမား၊ သစ်ပင်ချစ်ခင်၊ လယ်တောအရှင်မ၊ ကလေးစာကြည့်တိုက် လိုက်ပို့ပါ၊ ကန်စွန်းရွက်သည်လေး၊ မမေ့နိုင်သော ခရီးစဉ်၊ လွမ်းနေမယ်သူငယ်ချင်း စသည့် ဝတ္ထုတိုပုဒ်ရေ ၂၄ ပုဒ်ပါဝင်သည်။ လူမှုကျင့်ဝတ်များ၊ မြန်မာ့ရိုးရာဓလေ့များ၊ တိရစ္ဆာန်ကလေးများကို ချစ်ခင်သင့်ပုံများအပါအဝင် ကလေးငယ်များအပေါ် အသိပညာ ဗဟုသုတ မျှဝေနိုင်မည့် ဝတ္ထုကောင်းများဖြစ်ပါသည်။


အဆိုပါစာအုပ်ကို ရောင်းဈေး (၂၅ဝဝ) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ် များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်း ရရှိသည်။
 

အကြံပြုစာ/တိုင်ကြားစာ