“ရဲမင်းစိုး” ရေးသားသည့် “တိမ်တွေလွင့်မေျာနေသည်နှင့် အခြားဝတ္ထုတိုများ” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ

“ရဲမင်းစိုး” ရေးသားသည့် “တိမ်တွေလွင့်မေျာနေသည်နှင့် အခြားဝတ္ထုတိုများ” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ လိုက်ပြီဖြစ်ပါသည်။


ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က စာပေဗိမာန်စာမူဆု၊ ဝတ္ထုတိုပေါင်းချုပ် ပထမဆုရရှိသည့် စာရေးဆရာ ရဲမင်းစိုး၏ ‘တိမ်တွေလွင့်မျောနေသည် နှင့် အခြားဝတ္ထုတိုများ’ စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။

ယင်းစာအုပ်တွင် ဝတ္ထုတို (၁၂) ပုဒ်ပါဝင်သည်။ မိဘနှင့် သားသမီး၊ စုန်ရေနှင့် ဆန်ရေ၊ အပြန်အလှန်မေတ္တာထားကြရာတွင် ကိုယ်တွေ့ကြုံမှ မိဘကျေးဇူး အထူးထူးကို တသသခံစား နေကြရသည့် အဖြစ်များ၊ မိသားစု၏ အိမ်‌ထောင်ဦးစီး အကြီးအကဲများ ဖြစ်ကြသော်လည်း မူးယစ်ရမ်းကားပြီး မိသားစုကို အနိုင်ကျင့်နှိပ်စက် ညှဉ်းပန်းမှုများကြောင့် သေကျေကွေကွင်း စိတ်ဆင်းရဲ ကြရသည့် အိမ်ထောင်‌ရေးအရှုပ်အထွေးများ၊ ပင်လယ်ပြင်မှ ရေ၊ လေ၊ တိမ်နှင့် ကြယ်များကို ကြည့် မှတ်ပုံဖော်တတ်သောအသိမှာ သဘာဝတရားနှင့် အတွေ့အကြုံအဖုံဖုံက သင်ကြားပေးလိုက်သည့် တံငါအလုပ်နှင့် အသက်ဆက်နေကြရသော ပင်လယ်ပြင်ထဲမှ တံငါသည်များ၏ ရုန်းကန်းလှုပ်ရှားမှုများ၊ “မိန်းမမီးနေ၊ ယောက်ျား ဖောင်စီး” ဟူသော စကားနှင့်အညီ အသက်ကို မငဲ့ကွက်နိုင်ဘဲ ရေဝဲကတော့များကြားမှာ စွန့်စားရှာဖွေစားသောက်နေကြရသော ဖောင်လုပ်သားများ၏ ဆင်းရဲဒုက္ခများကို ပီပြင်အောင် ရေးသားထားသော စာအုပ်ဖြစ်ပါသည်။

အဆိုပါစာအုပ်ကို ရောင်းဈေး (၃၀ဝဝ) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။
 

အကြံပြုစာ/တိုင်ကြားစာ