၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၇ ရက်ထုတ် အတွဲ (၇၃)၊ အမှတ် (၃၂) ပြန်တမ်းစာစောင်ကို စာပေဗိမာန်စာအုပ် အရောင်းဆိုင်များမှတဆင့် စတင် ဖြန့်ချိ

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းများကို ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေ ရေးဦးစီးဌာနက ထုတ်ဝေဖြန့်ချိလျက်ရှိရာ ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၇  ရက်ထုတ် အတွဲ (၇၃)၊ အမှတ် (၃၂) ပြန်တမ်းစာစောင်ကို စာပေဗိမာန်စာအုပ် အရောင်းဆိုင်များမှတဆင့် စတင် ဖြန့်ချိ ရောင်းချလျက်ရှိပြီ ဖြစ်ပါသည်။ ယခုတစ်ပတ်ထုတ် မြန်မာနိုင်ငံတော်ပြန်တမ်းတွင် အပိုင်း (၁) အပိုင်း (၂)  နှင့် အပိုင်း (၄) တို့ ပါရှိပါသည်။

အပိုင်း (၁) တွင် နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုအစိုးရအဖွဲ့ အမိန့်ကြော်ငြာ စာ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ကြေညာချက်၊ ပြည်ထဲရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊  သာသာနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီးရုံး အမိန့်ကြော်ငြာစာ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး အမိန့်ကြော်ငြာစာ၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အမိန့်ကြော်ငြာစာ၊

အပိုင်း (၂) တွင် စစ်ရာထူးခန့်ချုပ်ရုံး၊ အဆင့်မြင့်ပညာဦးစီးဌာန

အပိုင်း (၄) တွင် LATITUDE TECHNOLOGY COMPANY LIMITED မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေပုဒ်မ -၃၄၈ အရ ကုမ္ပဏီတွင် ပါဝင်သူများက ကုမ္ပဏီကို ဆန္ဒအလျောက် ဖျက်သိမ်းခြင်း၊ In the Matter of the Myanmar Companies Act and Trainor Asia Limited (Myanmar Branch) Notice under Section 348၊ In the Matter of the Myanmar Companies Act and OMNIASIA COMPANY LIMITED (In Voluntary Liquidation) Notice Under Section 357 (A)၊  Metrotelworks Telecommunications Private Limited (In Liquidation)၊ Myanmar Yuan Dong Nan Yang Trading Co., Ltd မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေပုဒ်မ-၃၄၈ အရ အစုရှင်များ ဆန္ဒအလျောက် ဖျက်သိမ်းရန်ကြေညာချက်၊ GOLDEN ALLIANCE CONSTRUCTION MATERIALS TECHNOLOGY COMPANY LIMITED ကုမ္ပဏီတရားဝင်ဖျက်သိမ်းခြင်း၊ အပြည်ပြည်ဆိုင်ရာ အာရှညီအစ်ကိုများ (မြန်မာ) ကုမ္ပဏီလီမိတက် [Asia Brothers International (Myanmar) Company Limited] မြန်မာနိုင်ငံကုမ္ပဏီများဥပဒေအရ အပြီးသတ်စာရင်းရှင်းလင်းဖျက်သိမ်းခြင်း၊ Finmax Company Limited နှင့် မြန်မာ ဖရေးဂရန့် ဒဲဗလုပ်မင့် ကုမ္ပဏီလီမိတက် တို့ ဖျက်သိမ်းရန် ကြေညာချက်၊ Greentek Myanmar Company Limited မိမိ၏ ဆန္ဒအလျောက် စာရင်းရှင်းလင်းဖျက်သိမ်းခြင်း ကြေညာခြင်း၊ ထပ်စံ ရောင်းဝယ်ရေး ကုမ္ပဏီလီမိတက် (Htet San Trading Company Limited) အစုရှင်များ၏ ဆန္ဒအရ စာရင်းရှင်လင်းဖျက်သိမ်းခြင်း၊ REETECH (MYANMAR) COMPANY LIMITED နှင့် AMARAPURA TRAVEL & TOURS COMPANY LIMITED တို့၏ ဖျက်သိမ်းခြင်နှင့်စပ်လျဉ်း၍ နောက်ဆုံးအစည်းအဝေးခေါ်ယူခြင်း၊ PUN AND THANT COMPANY LIMITED နှင့် HEXAGON SYSTEM COMPANY LIMITED တို့ နောက်ဆုံးအစည်းအဝေးခေါ်ယူခြင်းတို့ ပါဝင်သည်။

ယခုအပတ်ထုတ်  ပြန်တမ်းစာစောင်ကို စက္ကူဖြူချောဖြင့် ရိုက်နှိပ်ထုတ်ဝေပြီး ရောင်းစျေးမှာ တစ်စောင်လျှင် ၄၅၀ ကျပ် ဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် (ဖုန်း ၀၁- ၈၂၄၉၀၃၁ နှင့် ၀၁-၈၃၈၁၄၄၈) နှင့် အမှတ် - တ (၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁) တို့တွင် ဖြန့်ချိရောင်းချလျက် ရှိပါသည်။ တစ်နှစ်စာ ကြိုတင်ငွေ ပေးသွင်း၍ ဝယ်ယူလိုပါက ရန်ကုန်မြို့ အမှတ် ၂၂၈၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ ဖုန်း ဝ၁- ၂၅၁၈၉၂၊ ဝ၁-၂၅၁၉၉၅ တို့သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။

 

အကြံပြုစာ/တိုင်ကြားစာ