စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၂၃ ခုနှစ်၊ မေလထုတ်  သုတပဒေသာနှင့် လူငယ်ရေးရာစာစောင် ရောင်းချ

၁၉၇၃ ခုနှစ်၊ ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၄ဝ ကျော် စာချစ်သူများ လက်ခံအားပေး လာခဲ့သော စာပေဗိမာန်ထုတ် သုတပဒေသာစာစောင်ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ဟု အမည်ပြောင်းလဲကာ ၂၀၂၃ ခုနှစ်၊ မေလ၊ အတွဲ(၅ဝ)၊ အမှတ်(၅) ကို ထုတ်ဝေလိုက်ပြီ ဖြစ်ပါသည်။ စာစောင်ကို အမည်ပြောင်းလိုက်သလို အတွင်းပိုင်းပါဝင်သော စာမူများကိုလည်း အပိုင်းခွဲ၍ ဖော်ပြထားပါသည်။

လူငယ်များအတွက် အဓိကဦးတည်သော သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်၏ မျက်နှာဖုံးဆောင်းပါးကဏ္ဍမှာ “အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး” ဖြစ်ပါသည်။ မျက်နှာဖုံးဆောင်းပါးကဏ္ဍတွင် အသေးစား၊ အငယ်စားနဲ့ အလတ်စား စီးပွားရေး၊ SME မှသည် MSME သို့၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးရေး၊ လူငယ်ရေးရာကဏ္ဍတွင် ပြည်သူ့နီတိ၊ အာရုံစုစည်းမှု၊ အလွယ်ဆုံးလား၊ အခက်ဆုံးလား၊ စည်းဝေးခြင်းနှင့် ဆုံးဖြတ်ချက်ချခြင်း၊ တေးအလင်္ကာထဲက ရှေးအစဉ်အလာရှိခဲ့သူတစ်ယောက်၊ မေလ၊ လူငယ်နှင့် ဘဝတန်ဖိုး၊ လူငယ်နှင့် ကိုယ်လက်လှုပ်ရှား အားကစား၊ ကတိတစ်လုံး မရှုံးစေနဲ့၊  ကဗျာကဏ္ဍတွင် အလင်းရောင်၊ ဒီမိုကရေစီဆိုင်ရာကဏ္ဍတွင် ဒီမိုကရေစီဆိုတာ အမြဲတမ်းတော့ အကောင်းဆုံးအစိုးရပုံစံ မဟုတ်ပါ၊ နိုင်ငံတကာဆိုင်ရာကဏ္ဍတွင် ပြန်လည်ပြည့်ဖြိုးမြဲ လေစွမ်းအင်ဖြင့် လျှပ်စစ်ထုတ်လုပ်ခြင်း၊ ရနံ့ဗေဒ၊ သူတို့ဆီက လုပ်ငန်းခွင်အရွေ့၊ သဘာဝပတ်ဝန်းကျင် ရှုထောင့်ဆိုင်ရာကဏ္ဍတွင် ဂေဟစနစ်ကို သိရှိနားလည်ခြင်း၊ ဒေသဖွွံ့ဖြိုးရေး ခရီးသွားလုပ်ငန်းများကို အားပေး၊ စီးပွားရေးဆိုင်ရာ ကဏ္ဍတွင် ကမ္ဘာ့ ကုန်သွယ်ရေး အနာဂတ် မည်သို့…၊ သင့်စီးပွားရေးလုပ်ငန်း၏ အကျိုးအမြတ်ကို မြှင့်တင်ပါ၊ ခေတ်ဦးစီမံ ခန့်ခွဲရေး၊ မသန်စွမ်းသူများဆိုင်ရာကဏ္ဍတွင် မမြင်ပေမဲ့ စွမ်းနိုင်သူများ၊ မူးယစ်ဆေးဝါးဆိုင်ရာကဏ္ဍတွင် အီး-စီးကရက်သုံးစွဲမှု ထိန်းချုပ်ခြင်း၊ ကျန်းမာရေးဆိုင်ရာကဏ္ဍတွင် ဆန်းသစ်ဖွေရှာ ဆေးပညာ (၂၅၇)၊ ဖြစ်ရပ်မှန်ကဏ္ဍတွင် အေမီ၏ ရွေးချယ်မှု မိသားစု၊ ဝတ္ထုတိုကဏ္ဍတွင် အနည်းအများခွဲခြားလို့ စကား ဆိုကြရာဝယ်၊ အထွေထွေကဏ္ဍတွင် မြန်မာ့ရိုးရာသနပ်ခါးနှှင့် ကျန်းမာရေး လျှို့ဝှက်ချက်များ၊ ဟာသ စသည်ဖြင့် ကဏ္ဍမျိုးစုံ ဆောင်းပါးများ ပါဝင်ပါသည်။

သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ကို တစ်အုပ်လျှင် ၂၅ဝဝ ကျပ်နှုန်းဖြင့် စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (တ-၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်၊ ဖုန်း ဝ၆၇-၃၄၁၄၆၈၁၊ စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၈၂၄၉ဝ၃၁၊ ၀၁- ၈၃၈၁၄၄၈၊ စာပေဗိမာန် စာအုပ်ဆိုင်၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေး၊ ဖုန်း ဝ၂- ၄၀၃ဝ၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများ၊ မန္တလေးမြို့ရှိ ထွန်းဦးစာပေ၊ နဂါးစာပေနှင့် မြို့အသီးသီးရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံ ဝယ်ယူရရှိနိုင်ပြီး လက်ကားမှာယူလိုပါက စာပေဗိမာန် စာအုပ်ဆိုင် အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၈၂၄၉ဝ၃၁၊ ၀၁-၈၃၈၁၄၄၈ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ