“စဆနိုင်” ရေးသားသည့် “အမေပေးသော ကဗျာများ” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ

“စဆနိုင်” ရေးသားသည့် “အမေပေးသော ကဗျာများ” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ လိုက်ပြီဖြစ်ပါသည်။

အဆိုပါစာအုပ်သည် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် ကဗျာပေါင်းချုပ် ပထမဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။

“အမေပေးသော ကဗျာများ” စာအုပ်တွင် ကြာ၊ မန်ကျည်းပွင့်ကလေးများအကြောင်း၊ စိန်ပန်းနီ၊ သဒ္ဓါထမင်း အညာဟင်း၊ လောကုတ္တရာဆရာ၊ အမေ သားကို ရိုက်ပါဦး၊ မိုးရာသီရဲ့ အညာဟင်း၊ ပါရမီဖြည့်ဖက်၊ အမေအိုနှင့် လမ်းလျှောက်ခြင်း၊ အချစ်နဲ့ထွင်းတဲ့ ကဗျာလှေ၊ သမုဒယဆိုင်းထမ်း၊ မြောက်ပြန်လေနှင့် ပြန်ခဲ့ပါ စသည့် ကဗျာပုဒ်‌ရေ ၆၅ ပုဒ်ပါရှိပြီး ခေါင်းစဉ်က ဆိုညွှန်းသည်နှင့်အညီ အမေ့အကြောင်း၊ အမေ့ကျေးဇူးများကို အထူးတလည် ဖွဲ့ဆိုထားသည့်အပြင် တောဓလေ့စရိုက်၊ တောသဘာဝ အလှတရားများကို လေးလုံးစပ်၊ အချိုးတွဲ၊ လေးချိုး၊ တေးထပ်၊ ပိုဒ်စုံရတု၊ သျှိုးလိုက်ရတု၊ လွမ်းချင်း၊ စာထောင့်လေးချိုးကြီး စသည့် ကဗျာဖွဲ့နည်းမျိုးစုံဖြင့် ရေးဖွဲ့တင်ပြထားသည့် စာအုပ်ကောင်း တစ်အုပ်ဖြစ်သည်။

အဆိုပါစာအုပ်ကို ရောင်းဈေး (၄၀ဝဝ) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။
 

အကြံပြုစာ/တိုင်ကြားစာ