၂၂-၄-၂၀၂၃ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၅)၊ အမှတ် (၁၆)ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၂ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေး ဂျာနယ် အတွဲ (၅၅)၊ အမှတ် (၁၆)၌ ပုပု၏ သခင်အပေါ် ချစ်ခင်၍ သခင်၏ ဘေးအန္တရာယ်ကို တားဆီးကာကွယ်‌ပေးခဲ့သည့် ခွေးလိမ္မာလေး တိုးပွားအကြောင်း တင်ဆက်ထားသည့် “ပုပုပါဝင်သည့် တိုးပွားရေ ကျေးဇူးပါ” မျက်နှာဖုံးကာတွန်း၊ အာတူးသည် ဦးလေးဖြစ်သူကို ခန္ဓာကိုယ်တွင်း ဉာဏ်မုသွင်းခြင်းနှင့် ပတ်သက်၍ အကြံပေးနေပုံအကြောင်း ဟာသဖြစ်ဖွယ် သရုပ်ဖော်ထားသည့် “အာတူးရဲ့ ဉာဏ်မုသွင်းနော်” နှစ်မျက်နှာကာတွန်း၊ ကြီးပွားချမ်းသာချင်လျှင် လူအများနှင့် ဆက်ဆံရာတွင် အပေးအယူမျှတအောင် ဆောင်ရွက်တတ်ရမည်ဖြစ်ကြောင်း တင်ဆက်ထားသည့် “ကြီးပွားချမ်းသာခြင်းရဲ့ သော့ချက်” နှစ်မျက်နှာကာတွန်း၊ စေတနာကောင်းလျှင် ကံကောင်းသည် ဆိုသော မိဆုအကြောင်း ရေးဖွဲ့ထားသည့် “ဆုရတီအောင်- သနားကြင်နာတတ်ပါစေ” နှစ်မျက်နှာ ကာတွန်း၊ တူးမာတို့အိမ်က အကြောင်းများကို အကုန်သိနေသည်ဆိုသော “ဖိုးလပြည့်” တစ်မျက်နှာ ကာတွန်းနှင့် ကိုယ့်အမှားကို မှားကြောင်း ဝန်ခံရဲသည့် အသိစိတ်ရှိသော ဘုန်းဆင့်သူအကြောင်း ရေးဖွဲ့ထားသည့် “ဘုန်းဆင့်- သတ္တိ” မျက်နှာဝက် ဟာသကာတွန်း၊ သုတကဏ္ဍအနေဖြင့် ကမ္ဘာဦးအစ ရှေးခေတ်လူသားတို့၏ စိုက်ပျိုးရေးလုပ်ငန်းဆိုင်ရာ တီထွင်မှုများအကြောင်း ဗဟုသုတဖြစ်ဖွယ် တင်ဆက်ထားပါသည်။ ဝတ္ထုကဏ္ဍတွင် အရောင်အသွေး စုံလင်လှသော ပညာရေးပန်းပွင့်များကို ပြုစုပျိုးထောင်ပေးခဲ့သူ ဥယျာဉ်မှူးအကြောင်း ရေးဖွဲ့ထား ပါသည်။ ပုံပြင်ကဏ္ဍအနေဖြင့်   တွေးခေါ်မြော်မြင် စဉ်းစားဆင်ခြင်ဉာဏ်ဖြင့် ပြည့်စုံသော ခေါင်းဆောင်ကောင်းငှက်၏ ကျိုးကြောင်းပြစကားကို အလေးမထား မနာယူကြသည့် သင်းကွဲ ငှက်မိုက်တစ်စုမှာ နောက်ဆုံးတွင် ဒုက္ခရောက်ရပုံအကြောင်း တင်ဆက်ထားပါသည်။ ထို့ပြင် ကလေးတို့ကိုယ်တိုင် ပါဝင်ဆောင်ရွက်နိုင်မည့် ဉာဏ်စမ်းကဏ္ဍနှင့် ကလေးတို့ကိုယ်တိုင် ရေးဆွဲထားသည့် ပန်းချီလက်ရာများကို တင်ဆက်ထားသည့် ရွှေသွေးတို့လက်ရာကဏ္ဍနှင့်  နွေရာသီအချိန်တွင် မီးဘေးအန္တရာယ်ကာကွယ်ရေးကို အထူးပြုဆောင်ရွက်ရမည်ဖြစ်ကြောင်း ရေးဖွဲ့ထားသည့် ဆရာမင်းရွှေမိုး၏ “မီးသတိပြု” ကဗျာကဏ္ဍနှင့် တစ်ချိန်က အဘိုးကိုယ်တိုင် စိုက်ပျိုးပြုစုခဲ့သော သရက်ပင်မှ သရက်သီးများကို အဘိုး၏သားသမီးများ စားသုံးရသည့်အပြင် အဘိုး၏မြေးများပင် သရက်သီးများကို စားသုံးနိုင်ခြင်းကြောင့် သီးပင်၊ စားပင်များ စိုက်ပျိုးခြင်းဖြင့် ရရှိလာနိုင်သော အကျိုးကျေးဇူးများအကြောင်း သားသား၊ မီးမီးတို့  အတုယူဖွယ် ရေးဖွဲ့ထားသည့် ဆရာမန်းတင့်မော်၏ “အတုယူပါ” ကဗျာကဏ္ဍတို့ကိုလည်း တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာ ကဏ္ဍအနေဖြင့် တက္ကသိုလ်က ပါမောက္ခတစ်ဦး၏ စိတ်နေစိတ်ထား၊ လုပ်ပုံကိုင်ပုံနဲ့ သင်ကြားပုံ၊ သင်ကြားနည်းအကြောင်း အပြန်အလှန်ပြောဆိုပုံကို အသုံးအနှုန်းမတူဘဲ အဓိပ္ပာယ်တူပြောထား သည့် သင်ခန်းစာသစ်အချို့ကို ကလေးတို့ လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။ 

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်း ဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း ၀၁ ၈၁၄၄၈၊ ၁-၂၄၉၀၃၁သို့ ဆက်သွယ်မှာယူနိုင်ပါသည်။      
 

အကြံပြုစာ/တိုင်ကြားစာ