၈ - ၄ - ၂၀၂၃ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၅)၊ အမှတ် (၁၄) ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ် နှင့်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ မတ်လ ၈ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၅)၊ အမှတ်(၁၄) ၌ ငှက်ကလေးများကို လေးခွဖြင့် ပစ်ခဲ့မိသောကြောင့် သူ၏ မျက်လုံးများ မမြင်ရတော့သည့်အဖြစ်ကို ကလေးများအား ပြောပြထားသည့်အကြောင်း တင်ဆက်ထားသည့် “တန်ပြန်သက်ရောက်မှု” မျက်နှာဖုံးကာတွန်း၊ အတတ်ပညာနှင့် ကျွမ်းကျင်မှု၏ အ‌ရေးပါပုံအကြောင်းကို တင်ဆက်ထားသည့် “အမေပြောသော ပုံပြင်များ” နှစ်မျက်နှာကာတွန်း၊ မိမိရည်မှန်းချက် ပန်းတိုင်ရောက်ရှိရန် စိတ်ကူးထက် လက်တွေ့ကြိုးစားရမည့်အကြောင်းကို တင်ဆက်ထားသည့် “စိတ်ကူးနဲ့ လက်တွေ့” တစ်မျက်နှာကာတွန်း၊ အမေက အိမ်အလုပ်များခိုင်းသည်ကို မလုပ်ချင်ဘဲ ပျင်းနေသည့် သားကို ပညာပေး၍ ဆုံးမထားသည့်အကြောင်း တင်ဆက်ထားသည့် “ပျင်းရင်းနဲ့ ဖျင်း”နှစ်မျက်နှာကာတွန်း၊ ခြံထဲသို့ သူခိုးဝင်ခိုးသည်ကို ခွေးလေး၏ ကျေးဇူးကြောင့် အချိန်မီ သိရှိသွားသည့်အကြောင်း တင်ဆက်ထားသည့် “ခွေးကလေးပါစီ-မှားပါတယ်” နှစ်မျက်နှာကာတွန်း၊ နန်းဝတ်နန်းစားနှင့် လာခေါ်သည့် အိပ်မက်ကို နိမိတ်ကောင်းပြီး ပီပီအီးဝတ်စုံနှင့် လာမခေါ်ရန်အတွက် တစ်ကိုယ်ရေ သန့်ရှင်းရေးနှင့် ကျန်းမာရေးကို ဂရုစိုက်သင့်သည့်အကြောင်း တင်ဆက်ထားသည့် “ဖိုးလပြည့်” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။

တန်ခူးလတွင် ကျင်းပလေ့ရှိသည့် မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်အကြောင်း၊ မြန်မာလူမျိုးတို့၏ ယဉ်ကျေးသိမ်မွေ့လှသည့် ဓလေ့စရိုက်များ၊ အလှူဒါနများ ပြုလုပ်ပုံနှင့် နှစ်သစ်ကို အတာပန်းများဖြင့် ကြိုဆိုပုံအကြောင်း ဗဟုသုတဖြစ်ဖွယ် ရေးသားထားသည့် “တန်ခူးလနှင့် သင်္ကြန်ပွဲ” အကြောင်း သုတကဏ္ဍ၊ အိမ်ခြံဝင်းထဲမှ ခြံထွက်သီးနှံများကို ရောင်းချကာ ရရှိသည့်ငွေကြေးဖြင့် အလှူဒါနများ ပြုလုပ်သည့်အကြောင်း ရေးသားထားသည့် “အလှူဒါနပြုကြမယ်” ဝတ္ထုကဏ္ဍ၊ သူငယ်ချင်းနှစ်ယောက် အလုပ်ရှာရန် ထမင်းထုပ်များဖြင့် ခရီးထွက်လာခဲ့ရာ ညအချိန် အမှောင်ထဲတွင် ထမင်းစားနေစဉ် တစ်ယောက်နှင့်တစ်ယောက် လက်ချင်းဆုံ၍ မေးမြန်းပြောဆိုထားပုံများအကြောင်း ရေးသားထားသည့် “ငပြူးနှင့် ငပြဲ” ပုံပြင်ကဏ္ဍ၊ သင်္ကြန်တွင် ပိတောက်ပန်းများ ဝါထိန်အောင်ပွင့်ပုံ၊ ဘုရားဆင်းတုတော်များကို ရေသပ္ပာယ်ပုံ၊ ငါးသက်စေ့လွှတ်ပုံ၊ သက်ကြီးရွယ်အိုများကို ခေါင်းလျှော်ပေးပုံနှင့် ဥပုသ်သီလဆောက်တည်ကြပုံများအကြောင်းကို ရေးဖွဲ့ထားသည့် “သင်္ကြန်ပွဲတော်” ကဗျာကဏ္ဍတို့ကို တင်ဆက်ထားပါသည်။

တက္ကသိုလ်မှာ မိမိသင်ယူလိုသည့် ဘာသာရပ်အတန်းသို့ တက်ရောက်ရန် စာရင်းသွင်းသူက သိရှိလိုသည်များကို မေးမြန်းပြီး တစ်ဖက်က ပြန်လည်ဖြေကြားထားသည့်အကြောင်း ရေးသားထားသည့် “ရွှေသွေး စကားဝိုင်း” အင်္ဂလိပ်စာကဏ္ဍနှင့် ဉာဏ်စမ်းကဏ္ဍတို့ကို တင်ဆက်ထားပါသည်။

ရွှေသွေးဂျာနယ်ကို   ကိုယ်စားလှယ်အဖြစ်   မှာယူဖြန့်ချိလိုပါက    တစ်စောင်လျှင်   ၄၀၀  ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု ၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊  ရန်ကုန်မြို့။  ဖုန်း- ၀၁- ၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။

အကြံပြုစာ/တိုင်ကြားစာ