စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၂၃ ခုနှစ်၊ မတ်လထုတ် သုတပဒေသာနှင့် လူငယ်ရေးရာစာစောင် ရောင်းချ
၁၉၇၃ ခုနှစ်၊ ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၄ဝ ကျော် စာချစ်သူများ လက်ခံအားပေး လာခဲ့သော စာပေဗိမာန်ထုတ် သုတပဒေသာစာစောင်ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ သုတပဒေသာနှင့် လူငယ်ရေးရာ စာစောင်ဟု အမည်ပြောင်းလဲကာ ၂၀၂၃ ခုနှစ်၊ မတ်လ၊ အတွဲ(၅ဝ)၊ အမှတ်(၃) ကို ထုတ်ဝေ လိုက်ပြီ ဖြစ်ပါသည်။ စာစောင်ကို အမည်ပြောင်းလိုက်သလို အတွင်းပိုင်းပါဝင်သော စာမူများကိုလည်း အပိုင်းခွဲ၍ ဖော်ပြထားပါသည်။
လူငယ်များအတွက် အဓိကဦးတည်သော သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်၏ မျက်နှာဖုံးဆောင်းပါးကဏ္ဍ မှာ “မျိုးဆက်သစ်လူငယ်များ တိုးတက်ရေး မူးယစ်ဆေးမှန်သမျှ တိုက်ထုတ်ပေး” ဖြစ်ပါသည်။ မျက်နှာဖုံးဆောင်းပါးကဏ္ဍတွင် မူးယစ်ဆေးဝါး တို့ရှောင်ရှား၊ လူငယ်၊ ပတ်ဝန်းကျင်၊ စိတ်ဓာတ်နှင့် မူးယစ်ဆေးဝါး၊ မူးယစ်ဆေးသုံးစွဲနေသော လူငယ်များ၏ အမူအကျင့်များ၊ လူငယ်ရေးရာကဏ္ဍတွင် ပတ္တမြားမှန်လျှင် နွံတွင် နစ်သော်လည်း မညစ်ရာ၊ ဆိုဖီယာပေးတဲ့ သင်ခန်းစာ၊ စက်ပိုင်ရှိမှ ချမ်းသာရ၊ ပေါင်းသင်းဆက်ဆံရေး ချောမွေ့ကြ စေဖွယ်၊ လူငယ်လူရွယ်များ သိသင့်သော ပြည်ထောင်စုနေ့၊ မတ်လ မြတ်လှပါ့ ပန်းစုံစုံ၊ ကျွန်တော် အိုလံပစ်ဆုရှင်၊ လူတစ်ယောက်၏အသက်ကို ကယ်တင်ခဲ့သော အပြုံး၊ စာရိတ္တမဏ္ဍိုင်ကို ဝိုင်းဝန်းတည့်မတ်ကြပါစို့၊ ပြုံးရယ်ရွှင်ပြ သည်လောက၊ ကဗျာကဏ္ဍတွင် တောင်တက်လမ်း၊ အတွေးအခေါ်နှင့် တက်ကျမ်းဆိုင်ရာကဏ္ဍတွင် ဘီလီယံနာ များအသုံးပြုသည့် လုပ်ဆောင်ရန်စာရင်း၊ နိုင်ငံတကာဆိုင်ရာကဏ္ဍတွင် အစွန်းမရောက်စေရေးမှာ အပေါင်းအသင်း မမှားဖို့ အရေးကြီး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာကဏ္ဍတွင် စုံစမ်းစစ်ဆေးခြင်းနှင့် အဂတိလိုက်စားမှု၊ ဒီမိုကရေစီဆိုင်ရာကဏ္ဍတွင် ဒီမိုကရေစီအညွှန်း၊ ဒီမိုကရေစီညွှန်းကိန်းနှင့် ဒီမိုကရေစီ အစိုးရများ၊ သဘာဝပတ်ဝန်းကျင် ရှုထောင့်ဆိုင်ရာကဏ္ဍတွင် ရေဝေဒေသ ထိန်းသိမ်းကြဖို့၊ လူကုန်ကူးမှုဆိုင်ရာ ကဏ္ဍတွင် သူ့ဘဝဇာတ်ကြောင်း၊ မသန်စွမ်းသူများဆိုင်ရာကဏ္ဍတွင် လူ့စွမ်းရည်နှင့် ဆန်းသစ်တီထွင်မှု၊ မူးယစ်ဆေးဝါးဆိုင်ရာကဏ္ဍတွင် ကမ္ဘာ့မူးယစ်ဆေးဝါး သတင်းများ၊ ကျန်းမာရေးဆိုင်ရာကဏ္ဍတွင် ဆန်းသစ် ဖွေရှာ ဆေးပညာ (၂၅၅)၊ အစားအသောက် ဓာတ်မတည့်ခြင်းအကြောင်း သိကောင်းစရာ၊ ကျန်းမာသုတအဖြာဖြာ၊ စီးပွားရေးဆိုင်ရာကဏ္ဍတွင် Starbucks ၏ အတွေ့အကြုံ၊ ဖြစ်ရပ်မှန်ကဏ္ဍတွင် သတိထားနော်…ဒါ… ဩစတြေးလျ၊ ဝတ္ထုတိုကဏ္ဍတွင် ကျွန်မရဲ့ ဖူးစာရှင်၊ သူဘယ်မှာလဲ၊ အထွေထွေကဏ္ဍတွင် နက်နဲ ဆန်းကြယ် အိပ်မက်ကမ္ဘာထဲဝယ်၊ ဟာသ စသည်ဖြင့် ကဏ္ဍမျိုးစုံ ဆောင်းပါးများ ပါဝင်ပါသည်။
သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ကို တစ်အုပ်လျှင် ၂၅ဝဝ ကျပ်နှုန်းဖြင့် စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (တ-၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်၊ ဖုန်း ဝ၆၇-၃၄၁၄၆၈၁၊ စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၈၂၄၉ဝ၃၁၊ ၀၁- ၈၃၈၁၄၄၈၊ စာပေဗိမာန် စာအုပ်ဆိုင်၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေး၊ ဖုန်း ဝ၂- ၄၀၃ဝ၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများ၊ မန္တလေးမြို့ရှိ ထွန်းဦးစာပေ၊ နဂါးစာပေနှင့် မြို့အသီးသီးရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံ ဝယ်ယူရရှိနိုင်ပြီး လက်ကား မှာယူလိုပါက စာပေဗိမာန် စာအုပ်ဆိုင် အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၈၂၄၉ဝ၃၁၊ ၀၁-၈၃၈၁၄၄၈ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။