ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံး လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေး နှီးနှောဖလှယ်ပွဲကျင်းပ
ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးရှိ စာတည်းဝန်ထမ်းများနှင့် စာကြည့်တိုက် ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေးအတွက် လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေး နှီးနှော ဖလှယ်ပွဲကို (၇-၃-၂၀၂၃) ရက် နံနက် (၁၀:၀၀) နာရီမှ ညနေ (၄:၀၀) နာရီအထိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ပါသည်။
အဆိုပါ နှီးနှောဖလှယ်ပွဲတွင် ဒေါ်နုနုယဉ် (စာတည်းမှူး-ငြိမ်း)၊ ဆရာမင်းကောင်းကို (ကာတွန်းပညာရှင်) တို့က “ကလေးကာတွန်း၊ ဉာဏ်စမ်း၊ ပဟေဠိနှင့် ဇာတ်လမ်းဇာတ်အိမ်များ ဖန်တီးခြင်း” ခေါင်းစဉ်ဖြင့် ပို့ချခဲ့ရာ အရာထမ်း (၁၆) ဦး၊ အမှုထမ်း (၁၆) ဦး၊ စုစုပေါင်း ဝန်ထမ်း (၃၂) ဦးတို့ တက်ရောက် ခဲ့ကြသည်။