၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၇) ရက်ထုတ် အတွဲ (၇၆) ၊ အမှတ် (၇) ပြန်တမ်းစာစောင်ကို စာပေဗိမာန်စာအုပ် အရောင်းဆိုင်များမှတစ်ဆင့် စတင်ဖြန့်ချိ

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းများကို ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေး ဦးစီးဌာနက ထုတ်ဝေဖြန့်ချိလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၇) ရက်ထုတ် အတွဲ (၇၆) ၊ အမှတ် (၇) ပြန်တမ်းစာစောင်ကို စာပေဗိမာန်စာအုပ် အရောင်းဆိုင်များမှတစ်ဆင့် စတင်ဖြန့်ချိ ရောင်းချလျက် ရှိပြီ ဖြစ်ပါသည်။ ယခုတစ်ပတ်ထုတ် မြန်မာနိုင်ငံတော်ပြန်တမ်းတွင် အပိုင်း (၁) ၊ အပိုင်း (၂) နှင့် အပိုင်း (၄)တို့ ပါရှိပါသည်။

အပိုင်း (၁) တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုတရား လွှတ်တော် ချုပ် အမိန့်ကြော်ငြာစာ၊ ပြည်ထဲရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီး ဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန (ပြည်ထောင်စု ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာ စာ၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့် ကြော်ငြာစာ၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန (ပြည်ထောင်စုဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အမိန့်ကြော်ငြာစာ၊

အပိုင်း (၂) တွင် ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန အမိန့်ကြော်ငြာစာ၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန အမိန့်ကြော်ငြာစာ၊ 

အပိုင်း (၄) ၂၀၂၀ ပြည့်နှစ် Insolvency Law အရ အစုရှယ်ယာရှင်များ၏ ဆန္ဒအလျောက် ကုမ္ပဏီစာရင်း ရှင်းလင်းဖျက်သိမ်းဆဲ Treverdi Ventures Limited ထံမှ ရရန်ရှိသည့် ကြွေးမြီများ လာရောက်တောင်းခံ ကြပါရန် အသိပေးကြေညာခြင်း (Insolvency Law ပုဒ်မ ၂၀၁ နှင့် Insolvency နည်းဥပဒေပုဒ်မ ၈၇ အရ)၊ Yangon Origin Fashion Co., Ltd မြန်မာနိုင်ငံလူမွဲခံယူခြင်းဆိုင်ရာဥပဒေပုဒ်မ ၁၄၇၊ ပုဒ်မ ၁၅၂ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ၃၄၅၊ ပုဒ်မ ၂၅၀ တို့အရ ကုမ္ပဏီကို အစုရှယ်ယာရှင်များဆန္ဒအလျောက် ဖျက်သိမ်းရန်ကြော်ငြာခြင်း၊ ENVIRON (MYANMAR) ENVIRONMENTAL ENGINEERING CO., LTD In the Matter of the Myanmar Insolvency Law 2020 and Notice under Section 147 (a) (2) & 152 (a) and Rule 9 & 15 (a) တို့ပါဝင်ပါသည်။

ယခုအပတ်ထုတ် ပြန်တမ်းစာစောင်ကို စက္ကူဖြူချောဖြင့် ရိုက်နှိပ်ထုတ်ဝေပြီး ရောင်းစျေးမှာ တစ်စောင် လျှင် ၆၇၅ ကျပ် ဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁ နှင့် ၀၁-၈၃၈၁၄၄၈) နှင့် အမှတ်-တ (၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁) တို့တွင် ဖြန့်ချိရောင်းချလျက် ရှိပါသည်။ တစ်နှစ်စာ ကြိုတင်ငွေ ပေးသွင်း၍ ဝယ်ယူလိုပါက ရန်ကုန်မြို့ အမှတ် ၂၂၈၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ ဖုန်း ဝ၁- ၂၅၁၈၉၂၊ ဝ၁-၂၅၁၉၉၅ တို့သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ