၂၄ - ၁၂ - ၂၀၂၂ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၄)၊ အမှတ် (၅၂) ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ် နှင့်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၄)၊ အမှတ်(၅၂) ၌ အကျင့်သီလကောင်းမွန်ခြင်းကြောင့် လူအများ၏ ကြည်ညိုလေးစားမှု ရရှိနိုင်ပုံ အကြောင်းကို တင်ဆက်ထားသည့် “မြတ်နိုးရခြင်း” မျက်နှာဖုံးကာတွန်း၊ ပိုက်ဆံမရှိသော လူပျိုကြီး ကိုရွှေလုံးအိမ်သို့ သူခိုးလာခိုးပုံကို ဟာသနှော၍ တင်ပြထားသည့် “ကိုရွှေလုံး” နှစ်မျက်နှာကာတွန်း၊ ဖခင်က ပိုက်ဆံကျပျောက်လို့ ခဏခဏရှာနေရင် လူညံ့ပဲဟု ပြောသည်ကို သားဖြစ်သူက ပြန်လည်ဖြေကြားသည်ကို ဟာသဖြစ်ဖွယ် “အတူတူပဲ” တစ်မျက်နှာကာတွန်း၊ အလုပ်မလုပ်ဘဲ ချမ်းသာချင်သော        ငပျင်းဆိုသည့် လူငယ်လေးသည် နောက်ဆုံးတွင် နောင်တရ၍ မိမိ၏ လယ်များကို ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့် ကြိုးစားလုပ်ကိုင်သွားသည့်အကြောင်းကို တင်ဆက်ထားသော “ငပျင်းနဲ့ ဇွဲ၊ လုံ့လ၊ ဝီရိယ” နှစ်မျက်နှာကာတွန်း၊ အပြင်သွားတိုင်း MASK တပ်ရန်နှင့် အပြင်မှ ပြန်လာတိုင်း လက်ကို ဆပ်ပြာနှင့် စင်ကြယ်စွာ ဆေးကြောရန် ဗဟုသုတတိုးပွားရန် စာဖတ်ရမည့်အကြောင်း တင်ဆက်ထားသည့် “မမေ့နဲ့၊ မပေါ့နဲ့” နှစ်မျက်နှာကာတွန်း၊ ဦးလေးဖြစ်သူက ကျောင်းပြေးလားဟု မေးသည့်အခါ ဖြတ်ထိုးဉာဏ်ကောင်းသည့် ပုချို၏ ပြန်ဖြေပုံကို ဟာသဖြစ်ဖွယ် တင်ဆက်ထားသည့် “စဉ်းစားဉာဏ်” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။

လသည် ဂြိုဟ်ကြီးတစ်ခုဖြစ်ကာ ကမ္ဘာဂြိုဟ်ထက် များစွာသေးငယ်ပြီး ဆွဲငင်အားနည်းကြောင်း၊ သိပ္ပံပညာရှင်များက စက်ရုပ်ပါသော အာကာသယာဉ်ဖြင့် စတင်စူးစမ်းခဲ့ပြီး လပေါ်သို့ စတင်ခြေချနိုင်ခဲ့သည့်အကြောင်းတို့ကို ဗဟုသုတဖြစ်ဖွယ် ရေးသားထားသည့် “စိတ်ဝင်စားစရာ လကမ္ဘာ” သုတကဏ္ဍ၊ မိခင်ကို ယခုထက် ပိုပြီး ပြည့်ပြည့်စုံစုံနှင့် နေစေချင်သောကြောင့် အလုပ်ကို ကြိုးစားလုပ်ကိုင်ရာမှ အောင်မြင်ကြီးပွားသွားသည့် လူငယ်တစ်ဦးအကြောင်းကို ရေးသားထားသည့် “အတတ်ပညာတစ်ခု၏ တန်ဖိုး” ပုံပြင်ကဏ္ဍ၊ သူငယ်ချင်းနှစ်ယောက်အတူတူ သန့်စင်ခန်းသို့သွားသောအခါ တစ်ယောက်က စနောက်ချင်၍ အပြင်မှ ချက်ထိုးခဲ့သဖြင့် ဒုက္ခရောက်ရပုံ၊ အစအနောက်သန်မှု၏ ဆိုးကျိုးဖြစ်ကြောင်းကို ရေးသားထားသည့် “အစအနောက်” ဝတ္ထုတိုကဏ္ဍ၊ လက်နှစ်ဖက်သည် လက်မြှောက်အရှုံးပေးရန် မဟုတ်၊ ခြေနှစ်ချောင်းသည် ဒူးထောက်ရန် မဟုတ်ဘဲ၊ လဲကျလျှင် ပြန်ထ၍ သင်ခန်းစာယူကာ ရှေ့ဆက်ရန်နှင့် လောကဓံကို အရှုံးမပေးဘဲ ရှေ့သို့ ရဲဝံ့စွာ လျှောက်သင့်ကြောင်း လူငယ်များကို စိတ်ဓာတ်ခွန်အားပေးရေးဖွဲ့ထားသည့် “နေ့သစ်များဆီ လျှောက်လှမ်းချီ” ကဗျာကဏ္ဍတို့ကို တင်ဆက်ထားပါသည်။

English Daily Conversation ခေါင်းစဉ်အောက်တွင် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်တွေ မည်ကဲ့သို့ ဝယ်ရမည်နည်းဆိုသည့်အကြောင်းကို ကျောင်းသူနှစ်ဦး အပြန်အလှန် ပြောဆိုပုံကို အကြောင်းအရာတူသော်လည်း စကားအသုံးအနှုန်းပြောင်းပြီး အဓိပ္ပာယ်တူ ပြောဆိုပုံဖြင့် ရေးသားထားသည့် “ရွှေသွေးအင်္ဂလိပ်သဒ္ဒါ” အင်္ဂလိပ်စာကဏ္ဍတို့ကို တင်ဆက်ထားပါသည်။

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု ၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊  ရန်ကုန်မြို့။  ဖုန်း- ၀၁- ၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ