ဆရာ မင်းသျှင်အောင် (တွံတေး)၏  “ကွက်စိပ်ဗေဒသုခုမ ” စာအုပ်ကို ဖြန့်ချိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က ဆရာ မင်းသျှင်အောင် (တွံတေး)၏  “ကွက်စိပ်ဗေဒသုခုမ ” စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိပါသည်။

ယင်းစာအုပ်တွင် မြန်မာ့ကွက်စိပ်သဘင်သမားစဉ်၊ မြန်မာ့ကွက်စိပ်နှင့် ဆိုငိုပြောအနုပညာ ရသ၊ နိုင်ငံခြားရောက် မြန်မာ့ကွက်စိပ်၊ ရှေးခေတ်နှင့် လွတ်လပ်ရေးရပြီးခေတ်မှ ကွက်စိပ်ပညာရှင် ကြီးများနှင့် ၎င်းတို့၏ ကွက်စိပ်ဇာတ်ထုပ်များနှင့် ဆိုငိုပြောပညာရပ်များ၊ စာစကားများ၊ ကွက်စိပ် ဘာသာရပ် ဆွေးနွေးရေးအဖွဲ့၏ မြန်မာ့ရုပ်မြင်သံကြား ရိုက်ကူးဆွေးနွေးချက်များ၊ စာဖတ်သူတို့၏ ရုပ်သံလိုင်းမှ ကွက်စိပ်ပညာ အသံလွှင့်ဟောပြောချက်များ၊ မဟာဗုဒ္ဓဝင်တောထွက်ခန်း ကွက်စိပ် ဗေဒသုခုမ၊ စာပြောကွက်စိပ်ဇာတ်ညွှန်း၊ မြန်မာ့ရွတ်ထုံး ဖတ်ထုံး သဒ္ဒါဆယ်ပါး စသည်ဖြင့် အကြောင်းခြင်းရာစုံလင်စွာ ပါဝင်သည့်အပြင် တွေ့ဆုံမေးမြန်းချက်များ၊ ဓာတ်ပုံမှတ်တမ်းများ၊ ဇာတ်နိပါတ်တော်၊ ဇာတ်လမ်း၊ အဆို၊ အငို၊ အပြော နှုတ်မှုရေးရာ စာပေအနုပညာများကို အထောက် အထား ခိုင်လုံစွာ ကြိုးစားပြုစုရေးသားထားသော စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည်။

အဆိုပါစာအုပ်ကို ရောင်းစျေး ( ၃၅၀၀ ) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန် စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။
 

အကြံပြုစာ/တိုင်ကြားစာ