၂၀၂၂ ခုနှစ်အတွက် အမျိုးသားစာပေဆုရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ လက်ခံလျက်ရှိရာ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ (၂၈) ရက်တွင် စာအုပ် (၁၀) မျိုး ထပ်မံရရှိ
၂၀၂၂ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရေး ၂၀၂၂ ခုနှစ် အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို စာပေဆုများအုပ်ချုပ်ထောက်ပံ့မှုကော်မတီရုံး စာပေဗိမာန်သို့ ပေးပို့ကြရန် စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူများနှင့် ပြည်သူများကို နိုင်ငံပိုင်သတင်းစာများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်းဌာနများမှတစ်ဆင့် မေတ္တာရပ်ခံ နှိုးဆော်ခဲ့ပါသည်။
အဆိုပါ မေတ္တာရပ်ခံချက်အရ စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူတို့က ၂၀၂၂ ခုနှစ်အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို တစ်မျိုးလျှင် (၄) အုပ်နှုန်းဖြင့် စာပေဗိမာန်ရုံးသို့ လာရောက် ပေးပို့လျက်ရှိရာ စာပေဗိမာန်ရုံးက လက်ခံရရှိကြောင်း ပြန်ကြားပေးခြင်း၊ ppd Web Site တွင် သတင်း ထုတ်ပြန်ခြင်း၊ ရရှိလာသည့် စာအုပ်များကို အမျိုးသားစာပေဆု ရွေးချယ်ရေးအတွက် သတ်မှတ်ထားသော ဘာသာရပ် (၁၉) မျိုးအလိုက် ဘာသာရပ်များ ခွဲခြားမှတ်တမ်းတင်ခြင်း စသည်တို့ ဆောင်ရွက်လျက်ရှိ ပါသည်။ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ (၂၈) ရက်တွင် စာအုပ် (၁၀) မျိုး ထပ်မံရရှိခဲ့ရာ လာရောက် ပေးပို့သည့် ရက်များကိုလည်း Web Site တွင် သတင်းအဖြစ် ဖော်ပြခဲ့ပါသည်။ ယင်းစာအုပ်များ စာရင်းကို အောက်ပါ အတိုင်း စုစည်းဖော်ပြအပ်ပါသည် -
(၁) သူငယ်ချင်းရဲ့ သူငယ်ချင်း ကဗျာများ-ဂေါယာမြေစောဝင်း၊ (၂) ကျွန်မနှင့်အရောင်များအပါအဝင် အကျဉ်းထောင်နောက်ခံဝတ္ထုတို စုစည်းမှု - ရွှေသုန္ဒရီ (သလ္သာဝတီ)၊ (၃) ဂမ္ဘီရတက်တူး - တော်ပျော်၊ (၄) နေ့သစ်နှင့်အတူ - ချစ်စုအောင်၊ (၅) အတိတ်ပုံရိပ် ဘဝစာမျက်နှာများ- မြသက်နွယ်၊ (၆) တိမ်ပေါ်က ဝိုင်တစ်ခွက် ဝတ္ထုတိုများ - မင်းဆက်ပိုင်၊ (၇)မစ်ခေးဂေါ်ဘာချော့ တစ်သက်တာမှတ်တမ်း - မင်းကျော်စွာ၊ (၈) သမုဒယ အနုသယ သံသရာ - ဇာနည်၊ (၉) မိုးပေါ်မှာပဲ ပျော်သတဲ့လား၊ မိုးပေျာ်ငှက်၏ ကောင်းကင် ရသစာစုများ - မိုးပျော်ငှက် (၁၀) ဗီးနစ်နှင့် အတွေးပုံရိပ်များ - ဒေါက်တာမြင့်သန်း (ညောင်လေးပင်)