၁၂ - ၁၁ - ၂၀၂၂ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၄)၊ အမှတ် (၄၆) ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၄)၊ အမှတ်(၄၆) ၌ ဗြိတိသျှပညာရေးမင်းကြီး၏  အက်ဥပဒေကို တက္ကသိုလ်ကျောင်းသားများက လက်မခံ၍ သပိတ်မှောက် ကန့်ကွက်ဆန္ဒပြခဲ့သောနေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ထားသည့်အကြောင်း တက်ဆက်ထားသည့် “ဖိုးအေး သိလိုက်ရသော အမျိုးသားနေ့” မျက်နှာဖုံးကာတွန်း၊ ပန်းသီးတစ်လုံးအတွက် အငြင်းမပွားကြဘဲ အားလုံး ညီတူညီမျှဖြစ်စေရန် ဖြူကောင်က ခွဲဝေပေးပုံအ‌ကြောင်း ရေးဖွဲ့ထားသည့် “ညီတူမျှတ”နှစ်မျက်နှာကာတွန်း၊ ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲတွင် အရန် ဘောလုံးကောက်အဖြစ် ရွေးချယ်ခံရသည့်အကြောင်းကို ရန်ပိုင်စိုးက ဦးလေးဖြစ်သူအား ဂုဏ်ယူစွာပြောသည့်အကြောင်းကို တင်ဆက်ထားသည့် “ရန်ပိုင်စိုး” တစ်မျက်နှာကာတွန်း၊ ရွာသားတစ်ယောက်သည် မြို့မှ ပြန်လာရာ လမ်းတွင် မော၍ ရေဆာသဖြင့် အရိပ်ရသော သစ်ပင်ကြီး၏အောက်တွင် နားနေပြီး ‌သောက်ရေအိုးစင်က ရေကို ယူသောက်ပြီးနောက် ထိုသစ်ပင်ကြီး၏ အကိုင်း၊ အခက်များကို ခုတ်၍ သယ်ဆောင်သွားသည့်အပြင် သောက်ရေအိုးကိုပါ ယူသွားသည့်အကြောင်း ‌ရေးဖွဲ့ထားသည့် “အရိပ်နေနေ၊ အခက်ချိုးချိုး” နှစ်မျက်နှာကာတွန်း၊ ဉာဏ်စမ်းမေးခွန်းသုံးခုကို ဦးကေဂျီးအား မေးမြန်းထားသည့်အကြောင်းကို တင်ဆက်ထားသည့် “အိမ့်နှစ်” နှစ်မျက်နှာကာတွန်း၊ ဆရာမက သူ့တပည့်များအား သဘာဝအသံ မဟုတ်ဘဲ လူတို့ပြုလုပ်သော အသံများအကြောင်းကို မေးမြန်းသည့်အခါ လင်းသစ်က ပြန်လည်ဖြေကြားသည့်အကြောင်းကို တင်ဆက်ထားသည့် “လင်းသစ်” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။

ဆေးပညာရပ်တွင် အသိပညာနှင့် အတတ်ပညာရပ်တို့ပါရှိပြီး လူ့အသက်များကို ကယ်တင်ခြင်း၊ ဆင်းရဲဒုက္ခရောက်မှုကို သက်သာစေခြင်း၊ ဖျားနာနေသော လူနာများ၏ စိတ်ပူပင်ဆင်းရဲမှုကို လျော့နည်းစေခြင်းစသော မွန်မြတ်သည့် ရည်ရွယ်ချက်များဖြင့် လုပ်ကိုင်ဆောင်ရွက်နေသည့် အကြောင်းကို ဗဟုသုတဖြစ်ဖွယ် ရေးသားထားသည့် “လေ့လာစရာ ဆေးပညာရပ်ဆိုတာ” သုတကဏ္ဍ၊ ထွန်းတောက်သည် မိခင်၏ ဆိုဆုံးမှုကို အမြဲနားထောင်ပြီး သူတစ်ပါးပစ္စည်းကို ကောက်ရသော်လည်း မယူဘဲ ရိုးသားစွာဖြင့် ပိုင်ရှင်ထံသို့ ပြန်လည်အပ်နှံပေးခဲ့သောကြောင့် သူ့ကို အမွေစား၊ အမွေခံ သားအဖြစ် မွေးစားခဲ့သည့်အကြောင်း ရေးသားထားသည့်  “ရိုးသားမှုရဲ့ ရလဒ်”  ဝတ္ထုကဏ္ဍ၊ ကြောင်ကြီး၏ လက်သည်းကြောင့် အိမ်မြှောင်လေး၏ အမြီးပြတ်သွား၍ အခြားတိရစ္ဆာန်များ၏ အမြီးကို လိုက်လံတောင်းသော်လည်း မရသည့်အကြောင်းကို မိခင်ဖြစ်သူအား ပြောပြသည့်အခါ မိမိ၏ အမြီးကသာလျှင် အကောင်းဆုံးဖြစ်ကြောင်း ရေးသားထားသည့် “အမြီးမရှိတော့တဲ့ အိမ်မြှောင်လေး” ပုံပြင်ကဏ္ဍ၊ ဉာဏ်စမ်းကဏ္ဍနှင့် မြန်မာစာပေ၊ မြန်မာစကားကို ထိန်းသိမ်းစောင့်ရှောက်ရန်၊ဘိုးဘွားအမွေနှစ်ဖြစ်သော မြန်မာပြည်ကို ချစ်မြတ်နိုးရန်၊ ကျွန်ခေတ်ပညာရေးစနစ်ကို လက်မခံဘဲ ကျောင်းသားများ သပိတ်မှောက်ခဲ့သည့် အမျိုးသားနေ့ကို ဂုဏ်ပြုရေးဖွဲ့ထားသည့် “အမျိုးသားနေ့ တို့မမေ့” ကဗျာကဏ္ဍတို့ကို တင်ဆက်ထားပါသည်။

အင်္ဂလိပ်စာသင်ခန်းစာအနေဖြင့် တစ်နေ့တာရဲ့ ရာသီဥတုအကြောင်းကို  ပြောဆိုသည့်အခါ အကြောင်းအရာ တစ်ခုတည်းဖြစ်သော်လည်း  အသုံးအနှုန်းမတူဘဲ အဓိပ္ပာယ်တူ ပြောဆိုပုံကို လေ့လာနိုင်မည့် ဆရာ KML ၏ “ရွှေသွေးစကားဝိုင်း” အင်္ဂလိပ်စာကဏ္ဍ အင်္ဂလိပ်စာကဏ္ဍတို့ကို  လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။ 

ရွှေသွေးဂျာနယ်ကို   ကိုယ်စားလှယ်အဖြစ်   မှာယူဖြန့်ချိလိုပါက    တစ်စောင်လျှင်   ၄၀၀  ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု ၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊  ရန်ကုန်မြို့။  ဖုန်း- ၀၁- ၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ