၂၀၁၉ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု ဝတ္ထုတို အဖွဲ့ငယ် (ဆန်ခါတင်အဆင့်) အစည်းအဝေး ကျင်းပ

၂ဝ၁၉ ခုနှစ် စာပေဗိမာန်စာမူဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန်အတွက် ဆန်ခါတင်အဆင့် စိစစ် ရွေးချယ်ခြင်းများ ဆောင်ရွက်လျက်ရှိရာ ဝတ္ထုတို အဖွဲ့ငယ် အစည်းအဝေးကို ၂ဝ၂၀ ခုနှစ် ဩဂုတ်လ ၅ ရက် နံနက် ၁၁ : ၀၀ နာရီက ရန်ကုန်မြို့  ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ဝတ္ထုတို အဖွဲ့ငယ် ဆန်ခါတင်အဆင့်  အစည်းအဝေးသို့ ဒေါ်မြမြသန်း (မနှင်းဖွေး)၊ ဦးဝင်းငြိမ်း (ဝင်းငြိမ်း)၊ ဦးတင့်ခိုင် (တင့်ခိုင်)၊ ဦးအောင်သန်းဦး (ပုသိမ်အောင်သန်းဦး)၊ ဦးကြည်ဝင်း (လောကအမွန်) တို့ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် ၂ဝ၁၉ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲသို့ ပေးပို့ယှဉ်ပြိုင်ထားသည့် ဝတ္ထုတို များ ဆန်ခါတင်အဆင့် စိစစ်ဖတ်ရှုနေမှု အခြေအနေကို စိစစ်ရွေးချယ်ရေး အဖွဲ့ဝင်များက ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။

 

အကြံပြုစာ/တိုင်ကြားစာ