၂၀၁၉ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု ဝတ္ထုရှည် အဖွဲ့ငယ် (ဆန်ခါတင်အဆင့်) အစည်းအဝေး ကျင်းပ

၂ဝ၁၉ ခုနှစ် စာပေဗိမာန်စာမူဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန်အတွက် ဆန်ခါတင်အဆင့် စိစစ် ရွေးချယ်ခြင်းများ ဆောင်ရွက်လျက်ရှိရာ ဝတ္ထုရှည် အဖွဲ့ငယ် အစည်းအဝေးကို ၂ဝ၂၀ ခုနှစ် ဩဂုတ်လ ၅ ရက် နံနက် ၁၀ : ၀၀ နာရီက ရန်ကုန်မြို့  ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ဝတ္ထုရှည် အဖွဲ့ငယ် ဆန်ခါတင်အဆင့်  အစည်းအဝေးသို့ ဦးဝင်းငြိမ်း (ဝင်းငြိမ်း)၊ ဒေါ်ခင်သန်းဝင်း (ကြူကြူသင်း)၊ ဦးတင်မောင်လတ် (မောင်ခိုင်လတ်)၊ ဦးကြည်ဝင်း (လောကအမွန်)၊ ဒေါက်တာစိုးနိုင်၊ ဦးလေးမြတ် (ကိုလေးမြတ်) တို့ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် ၂ဝ၁၉ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲသို့ ပေးပို့ယှဉ်ပြိုင်ထားသည့် ဝတ္ထုရှည် များ ဆန်ခါတင်အဆင့် စိစစ်ဖတ်ရှုနေမှု အခြေအနေကို စိစစ်ရွေးချယ်ရေး အဖွဲ့ဝင်များက ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။

 

အကြံပြုစာ/တိုင်ကြားစာ