၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၁၆) ရက်တွင် စာအုပ် (၄) မျိုး ထပ်မံရရှိသတင်း

၂၀၂၂ ခုနှစ်အတွက် အမျိုးသားစာပေဆုရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ လက်ခံလျက်ရှိရာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၁၆) ရက်တွင် စာအုပ် (၄) မျိုး ထပ်မံရရှိ

၂၀၂၂ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရေး ၂၀၂၂ ခုနှစ် အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို စာပေဆုများအုပ်ချုပ်ထောက်ပံ့မှုကော်မတီရုံး စာပေဗိမာန်သို့ ပေးပို့ကြရန် စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူများနှင့် ပြည်သူများကို နိုင်ငံပိုင်သတင်းစာများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်းဌာနများမှတစ်ဆင့် မေတ္တာရပ်ခံ နှိုးဆော်ခဲ့ပါသည်။

အဆိုပါ မေတ္တာရပ်ခံချက်အရ စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူတို့က ၂၀၂၂ ခုနှစ်အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို တစ်မျိုးလျှင် (၄) အုပ်နှုန်းဖြင့် စာပေဗိမာန်ရုံးသို့ လာရောက် ပေးပို့လျက်ရှိရာ စာပေဗိမာန်ရုံးက လက်ခံရရှိကြောင်း ပြန်ကြားပေးခြင်း၊ ppd Web Site တွင် သတင်း ထုတ်ပြန်ခြင်း၊ ရရှိလာသည့် စာအုပ်များကို အမျိုးသားစာပေဆု ရွေးချယ်ရေးအတွက် သတ်မှတ်ထားသော ဘာသာရပ် (၁၉) မျိုးအလိုက် ဘာသာရပ်များ ခွဲခြားမှတ်တမ်းတင်ခြင်း စသည်တို့ ဆောင်ရွက်လျက်ရှိ ပါသည်။ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၁၆) ရက်တွင် စာအုပ် (၄) မျိုး ထပ်မံရရှိခဲ့ရာ လာရောက်ပေးပို့သည့် ရက်များကိုလည်း Web Site တွင် သတင်းအဖြစ် ဖော်ပြခဲ့ပါသည်။ ယင်းစာအုပ်များ စာရင်းကို အောက်ပါ အတိုင်း စုစည်းဖော်ပြအပ်ပါသည် -

(၁) ပန်းချီကားနှင့် မဟေသီမဂ္ဂဇင်းဝတ္ထုတိုများ- ဌေးအောင်စိန် (အင်းမ)၊ (၂) ဆူးခင်းလမ်းနှင့် ပန်းမွေ့ရာ ကဗျာများ - ကျော်စန်း (မန်းတက္ကသိုလ်)၊ (၃) ခေတ္တ--နာကျင်ကြေကွဲခြင်း - ထွန်းတောက်ထွဋ် (သင်္ချာ)၊ (၄) အာရှအတက် မြန်မာ့အချက် - ဇော်ဇော်အောင် (မန္တလေး)
 

အကြံပြုစာ/တိုင်ကြားစာ