၂၀၂၁ ခုနှစ်အတွက် အမျိုးသားစာပေဆုဆိုင်ရာ အစည်းအဝေးကျင်းပ

၂၀၂၁ ခုနှစ်အတွက် အမျိုးသားစာပေဆုဆိုင်ရာ အစည်းအဝေးကို (၁၃-၉-၂၀၂၂) ရက်၊ နံနက်   (၁ဝ : ၃ဝ) နာရီတွင် အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး၊ ကလေးစာကြည့်တိုက်  အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

အစည်းအဝေးသို့ အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင်လတ် (နောင်)၊ ဒုတိယဥက္ကဋ္ဌများဖြစ်သည့် ဦးစိန်လှိုင် (သူရဇော်)၊ ဦးသန်းထွဋ် (လင်းဆေး - ၁) နှင့် အဖွဲ့ဝင် များဖြစ်သည့် ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)၊ ဒေါက်တာမျိုးသန့်တင်၊ ဦးမောင်လှိုင် (မောင်ဆွေငယ်)၊ ဒေါက်တာခင်ဆွေမြင့် (ဆွေယင်းမာ)၊ ဦးမောင်မောင်ဦး (ဟိန်းလတ်)၊ ဦးညွန့်တင် (မောင်ငြိမ်းသူ - ကြို့ပင်ကောက်)၊ စာတည်းမှူးချုပ် ဦးတိုးကျော် (အတွင်းရေးမှူး) တို့ တက်ရောက်ကြပြီး ၂၀၂၁ ခုနှစ် အတွက် အမျိုးသားစာပေဆုဆိုင်ရာကိစ္စများဆွေးနွေးပြီး အစည်းအဝေးကို နံနက် (၁၁ : ၃ဝ) နာရီတွင် ရုပ်သိမ်းခဲ့သည်။

1-190

2-160
 

အကြံပြုစာ/တိုင်ကြားစာ