စာပေဗိမာန်ရုံး၊ စီမံရေးရာဌာနမှ နေပြည်တော် (ရုံးချုပ်) စီမံရေးရာဌာနသို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်မည့် ဒေါ်ခင်မမ (လက်ထောက်ညွှန်ကြားရေးမှူး) အား ဂုဏ်ပြုနှုတ်ဆက်ပွဲ အခမ်းအနားကျင်းပ
စာပေဗိမာန်ရုံး၊ စီမံရေးရာဌာနမှ နေပြည်တော် (ရုံးချုပ်) စီမံရေးရာဌာနသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်မည့် ဒေါ်ခင်မမ (လက်ထောက်ညွှန်ကြားရေးမှူး) အား ဂုဏ်ပြုနှုတ်ဆက်ပွဲ အခမ်းအနားကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂၂ ရက် နေ့လယ် ၃ : ၃၀ နာရီက ရန်ကုန်မြို့၊ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် စာပေဗိမာန်ရုံး စာတည်းမှူးချုပ် ဦးတိုးကျော်က အဖွင့်အမှာစကား ပြောကြား ခြင်း၊ အမှတ်တရဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခြင်းနှင့် ဒေါ်ခင်မမ (လက်ထောက်ညွှန်ကြားရေးမှူး)က ကျေးဇူးတင်စကားပြောကြားခြင်း အပါအဝင် အခမ်းအနားကို အစီအစဉ် (၄) ရပ်ဖြင့် ကျင်းပကာ နေ့လယ် ၄ : ၂၀ နာရီတွင် အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။