၂၀ - ၈ - ၂၀၂၂ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၄)၊ အမှတ် (၃၄) ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၃၀ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၄)၊ အမှတ်(၃၄) ၌ ၁၉၄၇ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်တွင် စတင်တည်ထောင်ခဲ့သည့် ၇၅ နှစ်ပြည့် စိန်ရတုအထိမ်းအမှတ်အဖြစ် စာပေဗိမာန်သမိုင်းကြောင်းနှင့် စာပေဗိမာန်သည် ပြည်သူများအတွက် အသိဉာဏ်ပညာကို လင်းဖြာ‌အောင် ဆောင်‌ရွက်ပေးနေပုံတို့ကို  တင်ဆက်ထားသည့် “၇၅ နှစ်ပြည့် စိန်ရတု စာပေဗိမာန်” မျက်နှာဖုံးဇာတ်လမ်း၊ ကျန်းမာရေးအတွက် လမ်းလျှောက်လေ့ကျင့်ခန်း လုပ်သင့်ပုံနှင့် သင့်တင့်မျှတသော အစားအစာများကို စားသုံးသင့်ကြောင်း တင်ဆက်ထားသည့် “ဖိုးလပြည့်” နှစ်မျက်နှာကာတွန်း၊ အစ်ကိုဖြစ်သူက ညီမလေးကို ညှာတာသည့်အနေဖြင့် ပဟေဠိဖွက်၍ အစားအစာများ ပိုကျွေးသည်ကို  တင်ဆက်ထားသည့် “လူလည်ကျတာ မဟုတ်ရပါ” နှစ်မျက်နှာကာတွန်း၊ ကြွက်လေးသည် သူ၏အမှားကို သိရှိပြီး မာနထောင်လွှားခြင်းမပြုတော့ဘဲ မြင်းနှင့် မိတ်ဆွေဖွဲ့ကာ အတူတကွ ချစ်ခင်စွာနေထိုင်သည့်အကြောင်းကို တင်ဆက်ထားသည့် “မာနဆိုတာ” နှစ်မျက်နှာကာတွန်း၊ သူငယ်ချင်းနှင့်အတူ ရွှေသွေးစာ‌စောင်ဖတ်ချင်သည့်အကြောင်းကို တင်ဆက်ထားသည့်  “ဖိုးဇော်” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။

လူသုံးကုန်ပစ္စည်းတစ်မျိုးဖြစ်သည့် စက္ကူ၏ အရေးပါပုံ၊ အသုံးဝင်ပုံနှင့် ပြုလုပ်ပုံများအကြောင်းကို ဗဟုသုတဖြစ်ဖွယ် တင်ဆက်ထားသည့်  “စက္ကူ” သုတဆောင်းပါး၊ ဆရာက သူ၏တပည့်များအား အတန်းသူ၊ အတန်းသားအချင်းချင်း တစ်ဦးနှင့် တစ်ဦး အထင်မသေးရန်၊ ကိုယ့်ထက်အားနည်းသူကို မနှိမ့်ချရန်နှင့် ‌ကျောင်းသင်ခန်းစာများတွင်လည်း နားမလည်သူကို နားလည်သူက ရှင်းပြပေးရန် ဆုံးမထားသည်ကို ဂရုပြုလိုက်နာဖွယ် ရေးဖွဲ့ထားသည့် “အထင်မသေးနှင့်၊ မနာလိုစိတ် မဖြစ်ပါစေနှင့်” ၀တ္ထုကဏ္ဍ၊ ဉာဏ်ပညာကြီးမားသော အဘိုးအို၏  အကြုံပြုချက်ကို လိုက်နာဆောင်ရွက်ခြင်းကြောင့် ကောင်းကျိုးရလဒ်များ ရရှိသွားသော ရိုးသားသည့် လူငယ်လေးအကြောင်း ရေးဖွဲ့ထားသည့် “အဘိုးအိုစကား” ပုံပြင်ကဏ္ဍ တို့ကို တင်ဆက်ထားပါသည်။ ထို့ပြင် ကလေးတို့အနေဖြင့် ပေးထားသောရုပ်ပုံကို မိမိတို့စိတ်ကြိုက်အရောင်များဖြင့် ခြယ်သနိုင်မည့် “ဆေးရောင်လှလှခြယ်ရအောင်” ဉာဏ်စမ်းနှင့် ၇၅ နှစ်ပြည့်၍ စိန်ရတု သက်တမ်းသို့ရောက်ရှိပြီဖြစ်သည့် စာပေဗိမာန်ကို ဂုဏ်ပြုရေးဖွဲ့ထားသည့် “စာပေအလင်း” ကဗျာကဏ္ဍ တို့ကို တင်ဆက်ထားပါသည်။
အင်္ဂလိပ်စာသင်ခန်းစာကဏ္ဍအနေဖြင့် အားလပ်ချိန်တွင် ဝါသနာအရ ဆောင်ရွက်လေ့ရှိသည့် အကြောင်းအရာများ အပြန်အလှန်ပြောဆိုပုံနှင့် အလားတူ အကြောင်းအရာကို စကားအသုံးအနှုန်းပြောင်းပြီး ပြောဆိုနိုင်ပုံများကို တင်ဆက်ထားသည့် “ရွှေသွေးစကားဝိုင်း” အင်္ဂလိပ်စာကဏ္ဍတို့ကို တင်ဆက်ထားသည်  ဖြစ်ပါသည်။

ရွှေသွေးဂျာနယ်ကို   ကိုယ်စားလှယ်အဖြစ်   မှာယူဖြန့်ချိလိုပါက   တစ်စောင်လျှင်   ၄၀၀  ကျပ်နှုန်းဖြင့်  စာပေဗိမာန်အရောင်းဌာနစု ၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊  ရန်ကုန်မြို့။   ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ