၂၀၂၁ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု အဖွဲ့ငယ် အစည်းအဝေးကျင်းပ

၂၀၂၁ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု ရွေးချယ်ချီးမြှင့်နိုင်ရန် စိစစ်ရွေးချယ်ခြင်း လုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်ရာ ဘာသာရပ်အလိုက် အစည်းအဝေးကို ၂၀၂၂ ခုနှစ် ဩဂုတ်လ ၁၀ ရက် နံနက် ၁၁ : ၀၀ နာရီက ရန်ကုန်မြို့၊  ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါ အစည်းအဝေးသို့ စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေး ကော်မတီဝင်များဖြစ်ကြသည့် ဒေါ်မြမြသန်း (မနှင်းဖွေး)၊ ဦးမျိုးထွန်း (မောင်စိမ်းနောင်-လယ်ဝေး) နှင့် ဦးတိုးကျော် (စာတည်းမှူးချုပ်) တို့ တက်ရောက်ခဲ့ကြပြီး ဒေါ်မြင့်မြင့်ကြူ (ရွှေမြိုင်ပြုံးလဲ့မော်) က ခွင့်ပန်ပါသည်။

အစည်းအဝေးတွင် ၂၀၂၁ ခုနှစ်အတွင်း ထုတ်ဝေခဲ့သော သက်ဆိုင်ရာဘာသာရပ်အလိုက် ပေးပို့လာသည့် စာအုပ်များကို စိစစ်ဖတ်ရှုနေမှု အခြေအနေများနှင့် ပတ်သက်၍ တက်ရောက်လာသူများက ဆွေးနွေးကြကြောင်း သိရသည်။

၂၀၂၁ ခုနှစ်အတွက် အမျိုးသားစာပေဆုများ စိစစ်ရွေးချယ်ရာတွင် ယခင်နှစ်ကကဲ့သို့ပင် ပဏာမအဆင့်၊ ဆန်ခါတင်အဆင့်နှင့် အတည်ပြုရွေးချယ်သည့်အဆင့်ဟူ၍ အဆင့်သုံးဆင့်ဖြင့် စနစ်တကျ ရွေးချယ်လျက် ရှိကြောင်း သိရသည်။

2-142

3-76
 

အကြံပြုစာ/တိုင်ကြားစာ