“ရွှေညောင်မြေ မောင်စန်းမြင့်” ရေးသားသည့် “ဥယျာဉ်မှူးနှင့် ပန်းပွင့်များ” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ လိုက်ပြီဖြစ်ပါသည်။
အဆိုပါစာအုပ်သည် ပခုက္ကူစာပေဆုပြိုင်ပွဲတွင် ဝတ္ထုတိုပေါင်းချုပ် ပထမဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။
“ဥယျာဉ်မှူးနှင့် ပန်းပွင့်များ” စာအုပ်တွင် နံရံပေါ်က ပန်းချီကား၊ နီနီဟူသော ပန်းတစ်ပွင့်၊ စုန်သောရေ၊ လေတံခွန် အလွမ်း စသည့် ဝတ္ထုတိုအပုဒ်ပေါင်း ၁၂ ပုဒ် ပါဝင်သည့်အပြင် ဆရာနှင့် ကျောင်းသား မိဘဆက်ဆံရေး၊ အတ္တကြီးသည့် မိဘများနှင့် ဆရာဘဝ၊ ကျောင်းအုပ်ဆရာကြီး တစ်ယောက်၏ အခက်အခဲများနှင့် ဖြေရှင်းပုံများ၊ ကလေး၏ ကျန်းမာရေးကို ရိုးရာအစွဲကုထုံးဖြင့် ကုသနေမှုများနှင့် ကျောင်းဆရာ၏ တုံ့ပြန်ဆောင်ရွက်မှုများ၊ လူငယ်ကျောင်းသားများနှင့် မူးယစ် ဆေးဝါးပြဿနာများ၊ ဆရာ့မေတ္တာသည် တပည့်များအပေါ် ထာဝရဆင့်ကာဆင့်ကာ စီးဆင်းနေသည့် စုန်ရေအကြောင်းနှင့် တုံ့ပြန်ပုံချင်း မတူညီသည့် တပည့်များနှင့်လည်း ကြုံတွေ့ခဲ့ရပုံတို့ကို ရသ မြောက်စွာ သရုပ်ဖော်ရေး ဖွဲ့ထားသည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်သည်။
အဆိုပါစာအုပ်ကို ရောင်းဈေး (၁၀ဝဝ) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန် စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ်(တ-၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။