“သက်ဦးခင်” ရေးသားသည့် “ပန်းတစ်ပွင့်လန်းစွင့်ခဲ့ပြီ” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ လိုက်ပြီဖြစ်ပါသည်။
အဆိုပါစာအုပ်သည် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် လူငယ်စာပေ ဒုတိယဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။
“ပန်းတစ်ပွင့်လန်းစွင့်ခဲ့ပြီ” စာအုပ်တွင် ငယ်စဉ်က ကျောင်းသားဘဝအပြိုင်အဆိုင် ကြိုးစားအောင် မြင်ခဲ့ပုံများ၊ အခက်အခဲများကို ကျော်လွှားကာ အောင်မြင်သော ဘဝမှတ်တိုင်တစ်ခု စိုက်ထူခဲ့ပုံများကို အားကျအတုယူဖွယ် ရေးသားထားသည်။ ထို့ပြင် အညာဒေသ ကျေးလက်နှင့် မြို့ပြဓလေ့၊ မြန်မာ့လူ နေမှုဘဝနှင့် ခေတ်ပြိုင် အခြေအနေများကို ပေါ်လွင်အောင် ရေးသားထားပြီး မြန်မာမှု မြန်မာ့ဓလေ့ များလည်း စုံလင်စွာ ခြံရံရေးသားထားသော လူငယ်စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည်။
အဆိုပါစာအုပ်ကို ရောင်းဈေး (၂၀ဝဝ) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန် စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။