“တင်တော်” ရေးသားသည့် “အလင်းမီးတိုင် နေ လ ပြိုင်၍ ထွန်းလင်းပြလိုက်ချင်” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ

“တင်တော်” ရေးသားသည့် “အလင်းမီးတိုင် နေ လ ပြိုင်၍ ထွန်းလင်းပြလိုက်ချင်” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ လိုက်ပြီဖြစ်ပါသည်။

အဆိုပါစာအုပ်သည် ပခုက္ကူစာပေဆုတွင် ဝတ္ထုရှည် ပထမဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။

“အလင်းမီးတိုင် နေ လ ပြိုင်၍ ထွန်းလင်းပြလိုက်ချင်” စာအုပ်တွင် ရည်မှန်းချက်ကိုယ်စီဖြင့် ပညာကြိုးစားခဲ့ရာမှ ဘဝခရီးတစ်ဆစ်ချိုးတွင် အမှတ်မထင်ကြုံတွေ့ခဲ့ရသော ကံကြမ္မာ၏လှည့်စားမှု ကြောင့် လမ်းခွဲခဲ့ရသော ချစ်သူနှစ်ဦး၏ ရင်နင့်ကြေကွဲဖွယ်ဖြစ်ရပ်ကို မိဘ၊ ဆရာ၊ ကျောင်းသား အပြန်အလှန်လေးစားလိုက်နာ စောင့်ထိန်းအပ်သော ပညာရေးလောက နောက်ခံထားကာ ရေးဖွဲ့ထား ပြီး လူ့တန်ဖိုးဆိုသည်မှာ ဆင်းရဲခြင်း၊ ချမ်းသာခြင်း၊ ရာထူးဂုဏ်ရှိန်ရှိခြင်းတို့မဟုတ်ဘဲ ရိုးသားခြင်း၊ သစ္စာရှိခြင်း၊ ကတိတည်ခြင်း၊ စိတ်နှလုံး ပြည့်ဝခြင်းတို့ကသာ လူ၏တန်ဖိုးဖြစ်ကြောင်းကို သမိုင်း အကိုးအကား၊ ဒေသန္တရအထောက်အထားများနှင့်တကွ ရေးဖွဲ့တင်ပြထားသည့်အတွက် စာဖတ်သူ များအား သုတရောရသပါပေးစွမ်းနိုင်မည့် ဝတ္ထုရှည် စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည်။

အဆိုပါစာအုပ်ကို ရောင်းဈေး (၁၅ဝဝ) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန် စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ်(တ-၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။
 

အကြံပြုစာ/တိုင်ကြားစာ