“ကံမြင့်မော်” ရေးသားသည့် “မေတ္တာရှိရင်းစွဲမို့ လွဲနိုင်ပါဘူးရှင်” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ

“ကံမြင့်မော်” ရေးသားသည့် “မေတ္တာရှိရင်းစွဲမို့ လွဲနိုင်ပါဘူးရှင်” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ လိုက်ပြီဖြစ်ပါသည်။

အဆိုပါစာအုပ်သည် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် ဝတ္ထုရှည် ဒုတိယဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။

“မေတ္တာရှိရင်းစွဲမို့ လွဲနိုင်ပါဘူးရှင်” စာအုပ်တွင် အရွယ်မရောက်ခင် ပန်းကောင်းအညွှန့်ချိုးခံလိုက် ရသော အသက် ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦး၊ စိတ်ဓာတ်ယုတ်နိမ့်သူတစ်ဦး၏ ကျူးလွန်မှု ကြောင့် ရရှိလာသည့် ရင်သွေးငယ်ကို မပစ်ရက်ဘဲ ကိုယ်တိုင်ပြုစုပျိုးထောင်ရင်း နှစ်ပေါင်းများစွာ ဒုက္ခအမျိုးမျိုးနှင့်စိန်ခေါ်မှု အမျိုးမျိုးကို ရင်ဆိုင်ကျော်ဖြတ်ခဲ့ပုံ၊ မေတ္တာ၊ စေတနာ အရင်းခံစိတ်ဖြင့် မြတ်နိုးခဲ့သည့်ငယ်ချစ်နှင့် ပြန်လည်ဆုံစည်းခဲ့ရပုံတို့ကို အဖွဲ့အနွဲ့ကောင်းကောင်းဖြင့် ရေးဖွဲ့ထားသည့် ဝတ္ထုရှည် စာအုပ်ကောင်း တစ်အုပ်ဖြစ်ပါသည်။

အဆိုပါစာအုပ်ကို ရောင်းဈေး (၂၀ဝဝ) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန် စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ်(တ-၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။
 

အကြံပြုစာ/တိုင်ကြားစာ