“နန္ဒာခင် (သက္ကလမြေ)” ရေးသားသည့် “နာပေါင်းကုဋေ ဆရာ့မြေဝယ်” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ လိုက်ပြီဖြစ်ပါသည်။
အဆိုပါစာအုပ်သည် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် စာပဒေသာ တတိယဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။
“နာပေါင်းကုဋေ ဆရာ့မြေဝယ်” စာအုပ်တွင် မရိုးနိုင်သော အာစရိယ ဆရာလောက၏ ကြုံတွေ့ ရသော ဘဝအထိုထို အတွေ့အကြုံများကို သရုပ်ဖော်ထားသည်။ ဆရာ့လုပ်ငန်း အခန်းခန်း အထွေထွေဟုဆိုသည့်အတိုင်း ပညာသင်ကြားရေးအလုပ်သာမက အထွေထွေဖြေရှင်းဆောင်ရွက်ရ သည့် စေတနာ၊ အနစ်နာ၊ အကြင်နာ စသည့် နာပေါင်းကုဋေ ထွေပြားသော ဆရာ့ဘဝကို ကိုယ်တွေ့ သုတအမြင်ဖြင့် ရေးသားထားသည်။ ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်တွင် ကျောင်းဆရာမဘဝ ဆွဲခန့်ဆရာအဖြစ်မှ သက်ပြည့်အငြိမ်းစား ယူသည်အထိ ပညာရေးနယ်ပယ်၌ စာရေးသူကိုယ်တိုင် ဖြတ်သန်းခဲ့ရသော အတွေ့အကြုံများကို ရေးဖွဲ့ထားသည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်သည်။
အဆိုပါစာအုပ်ကို ရောင်းဈေး (၂၅ဝဝ) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန် စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ်(တ-၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။