“ကိုတူး (သာယာမြိုင်)” ရေးသားသည့် “သားရေခွာရုပ်လုံးသွင်း အတတ်ပညာမိတ်ဆက်” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ

“ကိုတူး (သာယာမြိုင်)” ရေးသားသည့် “သားရေခွာရုပ်လုံးသွင်း အတတ်ပညာမိတ်ဆက်” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ လိုက်ပြီဖြစ်ပါသည်။

အဆိုပါစာအုပ်သည် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် သုတပဒေသာ (ရိုးရိုးသိပ္ပံနှင့် အသုံးချသိပ္ပံ) တတိယဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။

“သားရေခွာရုပ်လုံးသွင်း အတတ်ပညာမိတ်ဆက်” စာအုပ်တွင် မျိုးတုံးပျောက်ကွယ်လုဖြစ်သော သတ္တဝါမျိုးစိတ်များကို မှတ်တမ်းတင်ထားရှိသည့် သားရေခွာရုပ်လုံးသွင်းပညာအကြောင်း ရေးသား ထားသည်။ သေဆုံးသွား ပြီဖြစ်သည့် ငှက်သတ္တဝါ၊ ခြေလေးချောင်းသတ္တဝါ၊ တွားသွားသတ္တဝါနှင့် ရေနေသတ္တဝါတို့၏ သားရေကို စနစ်တကျခွာထုတ်ကာ သန့်စင်ခြင်း၊ ပြုပြင်ခြင်းတို့ပြုလုပ်ပြီး မူလ သက်ရှိထင်ရှားရှိနေသည့် အတိုင်းဖြစ်စေရန်အတွက် ပြင်ဆင်ခြင်း၊ အတွင်းသို့လိုအပ်သော အထောက်အကူပြုပစ္စည်းများ ထည့်သွင်းခြင်း၊ ကြည့်ကောင်းစေရန်စီစဉ်နေရာချထားခြင်းစသည် တို့ကို ဝါသနာရှင်များကိုယ်တိုင် လက်တွေ့လေ့လာနိုင်စေရန် ဓာတ်ပုံများနှင့်တကွ ရှင်းလင်းရေးသား ထား¬ခြင်းဖြစ်သည်။ ထို့ပြင် စာရေးသူသည် အဆိုပါ ပညာရပ်အကြောင်း အတွင်းကျကျ လေ့လာ ဆည်းပူးထားပြီး လက်တွေ့အသုံးချနိုင်ရန် အခြေခံကျကျ ရှင်းလင်းစွာ ရေးသားထားသော စာအုပ် ကောင်းတစ်အုပ်ဖြစ်သည်။

အဆိုပါစာအုပ်ကို ရောင်းဈေး (၂၀ဝဝ) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန် စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ်(တ-၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။
 

အကြံပြုစာ/တိုင်ကြားစာ