“ကိုရွှေရင်အေး” ရေးသားသည့် “ရွာကြီးတစ်ရွာသို့ အလည်တစ်ခေါက်” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ

“ကိုရွှေရင်အေး” ရေးသားသည့် “ရွာကြီးတစ်ရွာသို့ အလည်တစ်ခေါက်” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ လိုက်ပြီဖြစ်ပါသည်။

အဆိုပါစာအုပ်သည် ၂၀၁၉ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် လူငယ်စာပေ တတိယဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။

“ရွာကြီးတစ်ရွာသို့ အလည်တစ်ခေါက်” စာအုပ်တွင် ပေးစာပုံစံ ဆောင်းပါး အပုဒ် ၂၀ ပါဝင်သည်။ မြန်မာ့တိုင်းရင်းသားနှင့် ကျေးလက်ဒေသတို့၏ ပထဝီဗဝင်၊ ထုံးတမ်းဓလေ့၊ ယဉ်ကျေးမှု၊ ကိုယ်ပိုင်စရိုက်လက္ခဏာ စသည့် ကွဲပြားခြားနားမှု အမျိုးမျိုးအပေါ် အတွေးအမြင် ဆင်ခြင်နှိုင်းဆ တင်ပြထားသော စေတနာအရင်းခံ ပြုပြင်ရေးပုံစံဖြင့် ရေးသားထားသည်။ လိုအပ်ရာနေရာများ၌ ကဗျာ၊ သီချင်း၊ နိုင်ငံရပ်ခြား ဗဟုသုတဖြစ်ရပ်များနှင့် သိပ္ပမကျန်၊ နည်းနာအခြေခံများကိုပါ ကိုးကား ရေးသားထား၍ လူငယ်များအတွက် သင့်လျော်ရုံမျှမက အကျိုးကျေးဇူးရရှိမည့် စာအုပ်ကောင်း တစ်အုပ်ဖြစ်ပေသည်။

အဆိုပါစာအုပ်ကို ရောင်းစျေး (၂၀၀၀) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန် စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။
 

အကြံပြုစာ/တိုင်ကြားစာ