“ကိုညိုကြီး” ရေးသားသည့် “မြောက်ကျောင်းသားကြီး ခရီးဝင်္ကပါ” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ လိုက်ပြီဖြစ်ပါသည်။
အဆိုပါစာအုပ်သည် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် စာပဒေသာစာပေ ဒုတိယဆုရစာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။
“မြောက်ကျောင်းသားကြီး ခရီးဝင်္ကပါ” စာအုပ်သည် ရံဖန်ရံခါ စာရေးခြင်း၊ ကဗျာရေးခြင်းနှင့် ဘဝတစ်သက်တာလုံး စာသင်ကြားရေးလုပ်ငန်းမှလွဲ၍ မည်သည့်အသက်မွေးမှုအလုပ်ကိုမျှ လုပ်ကိုင်ခြင်းမပြုခဲ့သူ ကျောင်းဆရာစစ်စစ်တစ်ဦး၏ အတွေ့အကြုံနှင့်ခံစားမှုများကို မှတ်တမ်းတင် ရေးသားထားသော စာအုပ်တစ်အုပ်ဖြစ်သည်။ ရိုးသားအေးဆေးသည့် ကျောင်းဆရာတစ်ဦး၏ ပုံမှန်ဘဝတွင် စာဆို့ဝိညာဉ် ပူးကပ်လာသည့်အခါ ဖောက်ထွက်တွေးခြင်း၊ အစဉ်အလာ၊ ဘဝနေနည်း၊ ဝန်ထမ်းစည်းမျဉ်းစည်းကမ်း စသည်များကို ရှုထောင့်အသစ်၊ တွေးမြင်ယူဆပုံအသစ်တို့ဖြင့် ချဉ်းကပ်၍ လုပ်ကိုင်ခဲ့ပုံများသည် ကြည်နူးစရာ၊ နှစ်သက်အားရစရာ အတွေ့အကြုံများ ဖြစ်နေသည်ကို စာရေးသူက ဆွဲဆောင်မှုရှိရှိ ရေးသားတင်ပြထားရာ စာရှုသူများ စိတ်ဝင်တစား ဖတ်ရှုကြရမည့် စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါသည်။
အဆိုပါစာအုပ်ကို ရောင်းစျေး (၂၅၀၀) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန် စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။