၂၀၂၀ ပြည့်နှစ် မတ်လ ၆ ရက်ထုတ် အတွဲ (၇၃)၊ အမှတ် (၁၀) ပြန်တမ်းစာစောင်ကို စာပေဗိမာန်စာအုပ် အရောင်းဆိုင်များမှတဆင့် စတင် ဖြန့်ချိ

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းများကို ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနက ထုတ်ဝေဖြန့်ချိလျက်ရှိရာ ၂၀၂၀ ပြည့်နှစ် မတ်လ ၆  ရက်ထုတ် အတွဲ (၇၃)၊ အမှတ် (၁၀) ပြန်တမ်းစာစောင်ကို စာပေဗိမာန်စာအုပ် အရောင်းဆိုင်များမှတဆင့် စတင် ဖြန့်ချိ ရောင်းချလျက်ရှိပြီ ဖြစ်ပါသည်။ ယခုတစ်ပတ်ထုတ် မြန်မာနိုင်ငံတော်ပြန်တမ်းတွင် အပိုင်း (၁) အပိုင်း (၂)  နှင့် အပိုင်း (၄) တို့ ပါရှိပါသည်။

အပိုင်း (၁) တွင် နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုလွှတ်တော်ရုံး အမိန့်ကြော်ငြာစာ၊ ပြည်သူ့လွှတ်တော်ချုပ် အမိန့်ကြော်ငြာစာ၊  အမျိုးသားလွှတ်တော်ရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ကြေညာချက်၊ ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင် အမိန့်ကြော်ငြာစာ၊ အာဖရိကဝက်အပြင်းဖျားရောဂါ ကာကွယ်ထိန်းချုပ်ရေး ဗဟိုကြီးကြပ်မှုကော်မတီ အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ ပြည်ထဲရေးဝန်ကြီး ဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန (ပြည်ထောင်စု ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန (ပြည်ထောင်စုဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊

အပိုင်း (၂) တွင် စစ်ရာထူးခန့်ချုပ်ရုံး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန အမိန့်ကြော်ငြာစာ၊

အပိုင်း (၄) တွင် In the matter of  the  Myanmar  Companies  Law  (2017) S. KHON   FOODS   (MYANMAR)   COMPANY    LIMITED (In  Members'  Voluntary  Winding-up) Notice of  Special Resolution Pursuant to Section 348၊  ဂွတ်(ဒ်)ဗီဂါ ကုမ္ပဏီလီမိတက် (GOOD   VEGA   COMPANY   LIMITED)၊ မောင်ဝိတ်နှင့်မိသားစု စက်မှုလက်မှုလုပ်ငန်းများ ကုမ္ပဏီ လီမိတက် (MAUNG   WEIK   &   FAMILY   INDUSTRIES   CO.,   LTD)၊ U  M  H   POWER  &  ENERGY   COMPANY   LIMITED၊ U  M  H   AGRO  INDUSTRY   COMPANY   LIMITED၊ U  M  H   GLOBAL   LOGISTIC   COMPANY   LIMITED နှင့် U M H  MINGALARBAR  PARADISE HOTEL  &  TOUR  COMPANY  LIMITED တို့ ဖျက်သိမ်းရန် ကြော်ငြာချက်၊ Notice  Under   Section 208 (E)  Myanmar Companies Act Chan   Wanich   (Myanmar)  Company  Limited (Members  Voluntary  Winding-up) Invitation to Final Meeting၊ Notice  Under  Section  206 (1) of  the  Myanmar  Companies  Act MYANMAR  MASTER  HILL  TECHNOLOGY  CO., LTD နှင့် MYASINO   CONSTRUCTION   COMPANY   LIMITED တို့၏ (In  Voluntary  Liquidation) တို့ ပါဝင်သည်။

ယခုအပတ်ထုတ်  ပြန်တမ်းစာစောင်ကို စက္ကူဖြူချောဖြင့် ရိုက်နှိပ်ထုတ်ဝေပြီး ရောင်းစျေးမှာ တစ်စောင်လျှင် ၄၅၀ ကျပ် ဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် (ဖုန်း ၀၁- ၈၂၄၉၀၃၁ နှင့် ၀၁-၈၃၈၁၄၄၈) နှင့် အမှတ် - တ (၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁) တို့တွင် ဖြန့်ချိရောင်းချလျက် ရှိပါသည်။ တစ်နှစ်စာ ကြိုတင်ငွေ ပေးသွင်း၍ ဝယ်ယူလိုပါက ရန်ကုန်မြို့ အမှတ် ၂၂၈၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ ဖုန်း ဝ၁- ၂၅၁၈၉၂၊ ဝ၁-၂၅၁၉၉၅ တို့သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။

 

အကြံပြုစာ/တိုင်ကြားစာ