“ဒေါက်တာကျော်စိန်” ရေးသားသည့် “လူငယ်လမ်းညွှန်” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ လိုက်ပြီဖြစ်ပါသည်။
၁၉၉၀ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် လူငယ်စာပေ ပထမဆုရရှိခဲ့သော စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် (စတုတ္ထအကြိမ်) ပြန်လည်ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။
“လူငယ်လမ်းညွှန်” စာအုပ်တွင် လူငယ်များကို ကမ္ဘာ့စံချိန်မီ ကျန်းမာစေလိုသည်။ ပညာထက်မြက် စေလိုသည်။ နိုင်ငံရေးဗဟုသုတ ကြွယ်ဝစေလိုသည်။ ပေါင်းသင်းဆက်ဆံရေးနယ်ပယ် ကျယ်ပြန့်စေလို သည်။ လူကောင်း လူသန့် ဖြစ်စေလိုသည်။ ကြီးပွားတိုးတက်စေလိုသည်။ သာယာသော အိမ်ထောင် တစ်ခုကို ပိုင်ဆိုင်စေလိုသည် စသည့် စေတနာ၊ မေတ္တာ ရည်ရွယ်ချက်ကောင်းများဖြင့် ဆရာကြီး ဒေါက်တာကျော်စိန်က ရေးသားထားပါသည်။
အဆိုပါ လူငယ်လမ်းညွှန်စာအုပ်သည် ရည်မှန်းချက်ပန်းတိုင်နှင့် ပတ်သက်၍ ဝိုးတဝါးဖြစ်နေကြသော၊ အပေါင်းအသင်းမှား၍ လမ်းပျောက်နေကြသော၊ လမ်းလွဲနေကြသော လမ်းစရှာမရသူ လူငယ်များ အတွက် စာတွေ့၊ လက်တွေ့ဘဝနှင့် ယှဉ်သော အတွေ့အကြုံများကို ကိုးကားကာ လိုက်နာကျင့်သုံး အပ်သည့် နည်းကောင်းလမ်းမှန်များကို ညွှန်ပြထားသော စာအုပ်ကောင်းတစ်အုပ်ဖြစ်သည်။
အဆိုပါစာအုပ်ကို ရောင်းဈေး (၃၀ဝဝ) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။