“နိုက်” ရေးသားသည့် “သားနှင့်သမီးသို့ ပေးစာများ” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ လိုက်ပြီဖြစ်ပါသည်။
အဆိုပါစာအုပ်သည် ၂ဝ၁၈ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် လူငယ်စာပေ တတိယဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။
“သားနှင့်သမီးသို့ ပေးစာများ” စာအုပ်တွင် ဆောင်းပါး ၁၅ ပုဒ်ပါဝင်ပြီး ပေးစာပုံစံ စကားပြောဖြင့် ရေးဖွဲ့ထားသည်။ ဆောင်းပါးတစ်ပုဒ်ချင်းစီကို ဦးတည်ချက်နှင့်အညီ စုစုစည်းစည်းလှလှပပ ရေးသားတင်ပြထားသည်။ လူငယ်များကို အတွေးလိမ္မာ၊ အသိတရား၊ တွေးခေါ် နိုင်စွမ်းအားနှင့် ဆင်ခြင်ဉာဏ် တိုးတက်စေရန် သိမ်းမွေ့စွာသွန်သင်ညွှန်ပြ ဆုံးမထားချက်များကို ပြေပြစ်သော အရေးအသား တင်ပြထားသည်။ လူငယ်များအတွက် အကျိုးရှိစေမည့် ဖတ်သင့်ဖတ်ထိုက်သော အားထားထိုက်သည့်အတွက် စာဖတ်ပရိသတ်များလက်ဝယ် ထားရှိသင့်သည့်စာအုပ်ကောင်း တစ်အုပ်ဖြစ်ပါသည်။
အဆိုပါစာအုပ်ကို ရောင်းဈေး (၁၃ဝဝ) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန် စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်း ရရှိသည်။