၂၀၁၉ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု ဘာသာပြန် (သုတ/ရသ) အဖွဲ့ငယ် (အတည်ပြုအဆင့်) အစည်းအဝေး ကျင်းပ

၂ဝ၁၉ ခုနှစ် စာပေဗိမာန်စာမူဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန်အတွက် အတည်ပြုအဆင့် စိစစ် ရွေးချယ်ခြင်း များ ဆောင်ရွက်လျက်ရှိရာ ဘာသာပြန် (သုတ/ရသ) အဖွဲ့ငယ် (အတည်ပြုအဆင့်) အစည်းအဝေးကို ၂ဝ၂၀ ခုနှစ် နိုဝင်ဘာလ ၁၈ ရက် နံနက် ၁၀ : ၀၀ နာရီက ရန်ကုန်မြို့  ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေး ခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာနက ချမှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ ကျင်းပပြုလုပ်သည်။

ဘာသာပြန် (သုတ/ရသ) အဖွဲ့ငယ် အတည်ပြုအဆင့် အစည်းအဝေးသို့ ဒေါ်ခင်ဖုဏ်းရည် (နတ်မောက်အနီချို)၊ ဦးမောင်မောင်ဦး (ဟိန်းလတ်)၊ ဦးနေမျိုးနိုင် (နေမျိုးနိုင်)၊ ဒေါက်တာတင်မောင်ထွေး (ဒေါက်ထွေး၊ ဆေး/မန်း) တို့ တက်ရောက်ခဲ့ကြပြီး ဒေါက်တာအေးကျော် (ဆေးသုတေသန)၊ ဦးမောင်လှိုင် (မောင်ဆွေငယ်)၊ ဒေါက်တာမြင့်သန်း (ညောင်လေးပင်) တို့က ခွင့်ပန်ခဲ့ကြသည်။

အစည်းအဝေးတွင် ၂ဝ၁၉ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲသို့ ပေးပို့ယှဉ်ပြိုင်ထားသည့် ဘာသာပြန် (သုတ/ရသ) စာမူများ အတည်ပြုအဆင့် ရွေးချယ်ထားမှု အခြေအနေကို စိစစ်ရွေးချယ်ရေး အဖွဲ့ဝင်များက ဆွေးနွေးကြကြောင်း သိရသည်။

1-42

2-31

အကြံပြုစာ/တိုင်ကြားစာ