၂၀၂၃ ခုနှစ်အတွက် အမျိုးသားစာပေဆုရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ လက်ခံလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၉) ရက်တွင် စာအုပ် (၉) မျိုး ထပ်မံရရှိ

၂၀၂၃ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရေး ၂၀၂၃ ခုနှစ် အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို စာပေဆုများအုပ်ချုပ်ထောက်ပံ့မှုကော်မတီရုံး စာပေဗိမာန်သို့ ပေးပို့ကြရန် စာရေးသူ၊ ပုံနှိပ်သူ၊ ထုတ်ဝေဖြန့်ချိသူများနှင့် ပြည်သူများကို နိုင်ငံပိုင်သတင်းစာများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်းဌာနများမှတစ်ဆင့် မေတ္တာရပ်ခံ နှိုးဆော်ခဲ့ပါသည်။

အဆိုပါ မေတ္တာရပ်ခံချက်အရ စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူတို့က ၂၀၂၃ ခုနှစ်အတွင်း ပထမ အကြိမ်ထုတ် စာအုပ်များကို တစ်မျိုးလျှင် (၄) အုပ်နှုန်းဖြင့် စာပေဗိမာန်ရုံးသို့ လာရောက်ပေးပို့လျက်ရှိရာ စာပေဗိမာန်ရုံးက လက်ခံရရှိကြောင်း ပြန်ကြားပေးခြင်း၊ ppd Web Site တွင် သတင်းထုတ်ပြန်ခြင်း၊ ရရှိလာသည့် စာအုပ်များကို အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေးအတွက် သတ်မှတ်ထားသော ဘာသာရပ် (၁၉) မျိုးအလိုက် ဘာသာရပ်များ ခွဲခြားမှတ်တမ်းတင်ခြင်း စသည်တို့ ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၉) ရက်တွင် စာအုပ် (၉) မျိုး ထပ်မံရရှိခဲ့ရာ လာရောက်ပေးပို့သည့် ရက်များကိုလည်း Web Site တွင် သတင်းအဖြစ် ဖော်ပြခဲ့ပါသည်။ ယင်းစာအုပ်များစာရင်းကို အောက်ပါအတိုင်း စုစည်း ဖော်ပြအပ်ပါသည် -

(၁) ဒဏ်သီးကလေး - စိုးဘားဒိုင်၊ (၂) ရင်ခုန်ဦးနှင့် မဂ္ဂဇင်းဝတ္ထုတိုများ - ပန်းငုဝါဝါ၊ (၃) JANUS - ခါမြေ၊ (၄) ကျွန်မသိသော အိမ်ထောင်ရှင် - မယ်စု၊ (၅) မြစ်တို့လားရာ တူသော အခါ - စိမ့်စမ်းဖြူ (ဆေးတက္ကသိုလ်)၊ (၆) ကဗျာအလှ၊ စာအလှ - မောင်တင်ထွန်း (ချယ်ရီမြေ)၊ (၇) အင်းလေးကန်သာ - ဦးဖိုးအေး (မြန်မာ့အသံ)၊ (၈) လူ့အန္ဓ ဒုတွဲ - ကိုနေ (မန်း)၊ (၉) အနှောင်အဖွဲ့ကင်းသော မေတ္တာနှင့် အခြား ဝတ္ထုတိုများ - ညွန့်ဝင်း (နတ်တလင်း)

အကြံပြုစာ/တိုင်ကြားစာ