မြန်မာ့စွယ်စုံကျမ်းအတွဲ - ၁ (က-ကုတ်) ပုံနှိပ်ထုတ်ဝေခြင်း မိတ်ဆက်အခမ်းအနားကို (၂၃-၅-၂၀၂၂) ရက်၊ တနင်္လာနေ့ နံနက် (၁၀ : ၀၀) နာရီတွင် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ ဗဟိုပုံနှိပ်စက်ရုံ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ ရန်ကုန်မြို့တော်ဝန်နှင့် ပြန်ကြားရေးဝန်ကြီးဌာနမှ ဌာနဆိုင်ရာအကြီးအကဲများ၊ စာပေပညာရှင်ကြီးများ၊ ထွန်းဖောင်ဒေးရှင်းမိသားစုဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
စာအုပ်မိတ်ဆက်ပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက မြန်မာ့စွယ်စုံကျမ်း အတွဲ - ၁ (က-ကုတ်) အောင်မြင်စွာ ထုတ်ဝေနိုင်သည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း အဖွင့်အမှာ စကားပြောကြားသည်။
ဆက်လက်ပြီး ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းကျော်အောင်က အတွဲ - ၁ (က-ကုတ်) နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ထွန်းဖောင်ဒေးရှင်းမိသားစုကိုယ်စား သားဖြစ်သူ ဦးသန့်ဇင်ထွန်းအား ဂုဏ်ပြု မှတ်တမ်းလွှာပေးအပ်ရာ ဦးသန့်ဇင်ထွန်းက ကျေးဇူးတင်စကားပြောကြားပြီး အခမ်းအနားကို နံနက် ၁၁ : ၀၀ နာရီတွင် ရုပ်သိမ်းခဲ့သည်။