စာပေဖွံ့ဖြိုးရေး

၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေဆု လူငယ်စာပေ အဖွဲ့ငယ် (ဆန်ခါတင်အဆင့်) အစည်းအဝေး ကျင်းပ

၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန် စိစစ်ရွေးချယ်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေပြီဖြစ်ရာ လူငယ်စာပေ ဘာသာရပ်အတွက် ဆန်ခါတင်အဆင့် အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၂၅ ရက် နံနက် ၁၀ : ၀၀ နာရီက ရန်ကုန်မြို့၊  ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန် စာပေဟောပြောဆွေးနွေးပွဲ (ဒုတိယနေ့) ကျင်းပ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးရှိ စာတည်းဌာန အရာထမ်း အမှုထမ်းများ၊ ပြည်သူ့စာကြည့်တိုက်ဝန်ထမ်းများအတွက် ရည်ရွယ်ကျင်းပသည့် စာပေဗိမာန် စာပေဟောပြော ဆွေးနွေးပွဲကို (၁၇-၈-၂၀၂၀) နေ့က စတင်ကျင်းပခဲ့ပြီး ယနေ့ (၂၄-၈-၂၀၂၀) တနင်္လာနေ့ မွန်းလွဲ ၁ : ၀၀ နာရီ တွင် ဒုတိယနေ့အဖြစ်  စာပေဗိမာန်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

စာပေဗိမာန် (၇၃) နှစ်မြောက် အထိမ်းအမှတ်အဖြစ် စာပေစကားဝိုင်း ကျင်းပ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန် (၇၃) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပထမစာပေစကားဝိုင်း "ရသစာတမ်း (အက်ဆေး) စာပေဖွံ့ဖြိုးရေး စာပေစကားဝိုင်း" ကို ဩဂုတ်လ ၂၁ ရက် နံနက် ၁၁ : ၀၀ နာရီက ရန်ကုန်မြို့၊  ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌  ကျင်းပခဲ့သည်။

၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေဆု စာပဒေသာ အဖွဲ့ငယ် (ပဏာမအဆင့်) အစည်းအဝေး ကျင်းပ

၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန် စိစစ်ရွေးချယ်ခြင်း လုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်ရာ စာပဒေသာ ဘာသာရပ်အတွက် ပဏာမအဆင့် အစည်းအဝေး ကို ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၂၀ ရက် နံနက် ၁၁ : ၀၀ နာရီက ရန်ကုန်မြို့၊  ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

၂၀၁၉ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု ကလေးစာပေ အဖွဲ့ငယ် (ဆန်ခါတင်အဆင့်) အစည်းအဝေး ကျင်းပ

၂ဝ၁၉ ခုနှစ် စာပေဗိမာန်စာမူဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန်အတွက် ဆန်ခါတင်အဆင့် စိစစ် ရွေးချယ်ခြင်းများ ဆောင်ရွက်လျက်ရှိရာ ကလေးစာပေ အဖွဲ့ငယ် အစည်းအဝေးကို ၂ဝ၂၀ ခုနှစ် ဩဂုတ်လ ၁၉ ရက် နံနက် ၁၁ : ၀၀ နာရီက ရန်ကုန်မြို့  ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ကလေးစာပေ အဖွဲ့ငယ် ဆန်ခါတင်အဆင့်  အစည်းအဝေးသို့ ဦးရန်စိန် (မောင်စံဗြော)၊ ဦးသိန်းစိုး (မင်းချမ်းမွန်)၊ ဦးအောင်သန်းဦး (ပုသိမ်အောင်သန်းဦး)၊ ဦးလေးမြင့် (ရွှေဒါးမောင်လေးရည်) တို့ တက်ရောက်ခဲ့ကြသည်။

၂၀၁၉ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာစာပေ အဖွဲ့ငယ် (ဆန်ခါတင်အဆင့်) အစည်းအဝေး ကျင်းပ

၂ဝ၁၉ ခုနှစ် စာပေဗိမာန်စာမူဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန်အတွက် ဆန်ခါတင်အဆင့် စိစစ် ရွေးချယ်ခြင်းများ ဆောင်ရွက်လျက်ရှိရာ မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာစာပေ အဖွဲ့ငယ် အစည်းအဝေးကို ၂ဝ၂၀ ခုနှစ် ဩဂုတ်လ ၁၉ ရက် နံနက် ၁၀ : ၀၀ နာရီက ရန်ကုန်မြို့  ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

စာပေဗိမာန် (၇၃) နှစ်မြောက် အထိမ်းအမှတ်အဖြစ် စာပေစကားဝိုင်းများ ထုတ်လွှင့်မည်

မြန်မာစာပေဖွံ့ဖြိုးရေးနှင့် အများပြည်သူ ဗဟုသုတတိုးပွားရေးအတွက် စာကောင်းပေမွန်များ ထုတ်ဝေရေးကို ဆောင်ရွက်လျက်ရှိသည့် စာပေဗိမာန်ကို ၁၉၄၇ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်တွင် တည်ထောင်ခဲ့သဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၂၆ ရက်တွင် (၇၃) နှစ် ပြည့်မြောက်မည် ဖြစ်ပါသည်။

၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေဆု မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာစာပေ (ဆန်ခါတင်အဆင့်) အဖွဲ့ငယ် အစည်းအဝေး ကျင်းပ

၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေဆု မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာစာပေ (ဆန်ခါတင်အဆင့်) အဖွဲ့ငယ် အစည်းအဝေးကို ၂၀၂၀ ခုနှစ် ဩဂုတ်လ ၁၈ ရက် နံနက် ၁၀ : ၀၀ နာရီက ရန်ကုန်မြို့၊  ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါ အစည်းအဝေးသို့ ဒေါက်တာကျော်ဝင်း၊ ဦးအေးချို (မဟာဝိဇ္ဇာ)၊ ဦးကြည်စိုးထွန်း (ကြည်စိုးထွန်း)၊ ဒေါ်ခင်နှင်းဦး (ခင်နှင်းဦး)၊ ဦးသန်းအုန်း (မောင်ဇေယျာ)၊ ဦးကြည်ဝင်း (လောကအမွန်) တို့ တက်ရောက်ခဲ့ကြပြီး ဦးရဲထွဋ် (သန်လျင်-မောင်ဝင့်ဝါ)၊ ဒေါက်တာညိမ်းညိမ်း (ရှင်ညိမ်းမယ်) တို့က ခွင့်ပန်ခဲ့ကြသည်။

ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်၌ စာပေဟောပြောဆွေးနွေးပွဲကျင်းပ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးရှိ စာတည်းဌာန အရာထမ်း အမှုထမ်းများ၊ ပြည်သူ့စာကြည့်တိုက်ဝန်ထမ်းများအတွက် ရည်ရွယ်ကျင်းပသည့် စာပေဗိမာန် စာပေဟောပြောဆွေးနွေးပွဲကို ယနေ့ (၁၇-၈-၂၀၂၀) တနင်္လာနေ့ မွန်းလွဲ ၂ : ၀၀ နာရီမှ ၄ : ၀၀ နာရီ အထိ စာပေဗိမာန်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မြန်မာ့စွယ်စုံကျမ်းများ ပြန်လည်ထုတ်ဝေရေးအတွက် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်နှင့် ထွန်းဖောင်ဒေးရှင်းတို့၏ လုပ်ငန်းတာဝန်ခွဲဝေရေးဆိုင်ရာ မူဘောင်သဘောတူညီချက် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကျင်းပ

မြန်မာ့စွယ်စုံကျမ်းများ ပြန်လည်ထုတ်ဝေရေးအတွက် ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်နှင့် ထွန်းဖောင်ဒေးရှင်းတို့၏ လုပ်ငန်းတာဝန်ခွဲဝေမှုဆိုင်ရာ မူဘောင်သဘောတူညီချက် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို (၁၄-၈-၂၀၂၀) ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ကုန်သည်လမ်း၊ အမှတ် (၅၂၉/၅၃၁) ရှိ စာပေဗိမာန်အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တက်ရောက်သည်။

အကြံပြုစာ/တိုင်ကြားစာ