၂၀၁၉ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု ပြဇာတ်စာပေ အဖွဲ့ငယ် (ဆန်ခါတင်အဆင့်) အစည်းအဝေး ကျင်းပ
၂ဝ၁၉ ခုနှစ် စာပေဗိမာန်စာမူဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန်အတွက် ဆန်ခါတင်အဆင့် စိစစ် ရွေးချယ်ခြင်းများ ဆောင်ရွက်လျက်ရှိရာ ပြဇာတ်စာပေ အဖွဲ့ငယ် အစည်းအဝေးကို ၂ဝ၂၀ ခုနှစ် ဩဂုတ်လ ၅ ရက် မွန်းတည့် ၁၂ : ၀၀ နာရီက ရန်ကုန်မြို့ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ပြဇာတ်စာပေ အဖွဲ့ငယ် ဆန်ခါတင်အဆင့် အစည်းအဝေးသို့ ဦးလေးမြတ် (ကိုလေးမြတ်)၊ ဦးဇော်လင်း (လင်းအေး)၊ ဦးကြည်ဝင်း (လောကအမွန်) တို့ တက်ရောက်ခဲ့ကြပြီး ဒေါ်ခင်သန်းဝင်း (ကြူကြူသင်း) က ခွင့်ပန်ခဲ့သည်။