၂၀၂၂ ခုနှစ်အတွက် အမျိုးသားစာပေဆုအဖွဲ့ငယ် (ပဏာမအဆင့်) အစည်းအဝေး ကျင်းပ
၂ဝ၂၂ ခုနှစ် အမျိုးသားစာပေဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန်အတွက် စိစစ်ရွေးချယ်ခြင်းများ ဆောင်ရွက်လျက်ရှိရာ သက်ဆိုင်ရာဘာသာရပ်ဆိုင်ရာအဖွဲ့ငယ် (ပဏာမအဆင့်) အစည်းအဝေးကို ၂ဝ၂၃ ခုနှစ် ဇွန်လ ၁ ရက် နံနက် ၁၀ : ၀၀ မှ ၁၁ : ၀၀ နာရီအထိ လည်းကောင်း၊ နံနက် ၁၁ : ၀၀ မှ မွန်းတည့် ၁၂ : ၀၀ နာရီအထိ လည်းကောင်း၊ မွန်းတည့် ၁၂ : ၀၀ မှ မွန်းလွဲ ၁ : ၀၀ နာရီ အထိ လည်းကောင်း ရန်ကုန်မြို့ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်သည်။