စာပေပညာရှင်များအတွက် နိုင်ငံတော်က ချီးမြှင့်သော ငွေကြေးထောက်ပံ့ပွဲ အခမ်းအနားကျင်းပ
အစည်းအဝေးကို အစီအစဉ် (၅) ရပ်ဖြင့် ကျင်းပခဲ့ပြီး အစီအစဉ် (၁) တွင် စာပေဗိမာန်ရုံး၊ စာတည်းမှူးချုပ် ဦးတိုးကျော်က စာပေဖြင့် နိုင်ငံတော်ကို အကျိုးပြုနေသော ပညာရှင်များအား ကျေးဇူးတင်ကြောင်းနှင့် ဆက်လက်၍ စာပေဖြင့် နိုင်ငံတော်အကျိုးကို ဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံခြင်းဖြင့် အခမ်းအနားကို စတင်ခဲ့သည်။