ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံး လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေး နှီးနှောဖလှယ်ပွဲကျင်းပ
ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးရှိ စာတည်းဝန်ထမ်းများနှင့် စာကြည့်တိုက် ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေးအတွက် လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေး နှီးနှော ဖလှယ်ပွဲကို (၈-၃-၂၀၂၃) ရက် နံနက် (၁၀:၀၀) နာရီမှ နေ့လယ် (၁၂:၃၀) နာရီအထိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ပါသည်။