“မကျေးဥ” ရေးသားသည့် “ဘဝတစ်ဆစ် ကြာတစ်ဆစ်နှင့် အခြားဝတ္ထုတိုများ” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ လိုက်ပြီဖြစ်ပါသည်။
အဆိုပါစာအုပ်သည် ၂၀၁၉ ခုနှစ်၊ ပခုက္ကူဦးအုံးဖေစာပေဆုပြိုင်ပွဲတွင် ဝတ္ထုတိုပေါင်းချုပ် ပထမဆုရ စာမူ ဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။
“ဘဝတစ်ဆစ် ကြာတစ်ဆစ်နှင့် အခြားဝတ္ထုတိုများ” စာအုပ်တွင် ဝတ္ထုတို (၁၅) ပုဒ် ပါဝင်သည်။ လောကဇာတ်ခုံတွင် ကပြကြသော ဇာတ်ဆောင်လူသားများ၏ ဘဝအဖုံဖုံကို စေ့စေ့ငုငု လေ့လာဆန်းစစ်၍ ပီပီပြင်ပြင် ရေးဖွဲ့ထားသော ဝတ္ထုများဖြစ်သည်။ လောက၏ ပကတိအရှိတရားကို မှန်မှန်ကန်ကန်ရှုမြင်သုံးသပ်ပြီး ရိုးရိုးရှင်းရှင်း ရသမြောက်စွာရေးသားထားသည်။ ဝတ္ထုတိုင်းတွင် စာရေးသူပေးချင်သော ရသ၊ ဒဿန၊ လောကအမြင်တို့ကလည်း နှစ်သက်စဖွယ် ဖြစ်သည်။ ဝတ္ထုများကို ရေးဖွဲ့ရာတွင် ဒေါသသံမပါဘဲ မေတ္တာ၊ ကရုဏာ၊ မုဒိတာစိတ်အခံဖြင့် ထုံမွမ်းသီကုံးထားသည့်အပြင် ဆင်ခြင်တွေးတောစရာများဖြင့် ရေးသားထားသော စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည်။
အဆိုပါစာအုပ်ကို ရောင်းဈေး (၁၅ဝဝ) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။