“ဦးစိန်လှုင် (မဟာဝိဇ္ဇာ) ရေးသားသည့် “စာမရီ” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ

“ဦးစိန်လှုင် (မဟာဝိဇ္ဇာ) ရေးသားသည့် “စာမရီ” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ လိုက်ပြီဖြစ်ပါသည်။

အဆိုပါစာအုပ်သည် ပခုက္ကူဦးအုံးဖေစာပေဆုပြိုင်ပွဲတွင် ကျမ်းစာပေ ပထမဆုရစာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။

“စာမရီ” စာအုပ်တွင် စာမရီကို ငှက်ဟူ၍ အမှတ်မှားနေသူများကို စာမရီသည် ငှက်မဟုတ်ဘဲ ခြေလေးချောင်းသတ္တဝါဖြစ်ကြောင်း စိတ်ဝင်စားဖွယ်ရာ ဖော်ပြထားသည်။ စာမရီနှင့် ဧဏီတို့မှာ သားကောင်တစ်မျိုးစီဖြစ်ကြောင်း ရှင်းလင်းထားသည်။ စာမရီအကြောင်းကို နှိုက်နှိုက်ချွတ်ချွတ် လေ့လာ၍ အထောက်အထား ခိုင်ခိုင်လုံလုံဖြင့် ပြုစုတင်ပြထားသည်။ အရေးအသားပြေပြစ်ပြီး စိတ်ဝင်စားဖွယ် ရေးဖွဲ့ထားသည်။ သက်ဆိုင်ရာ ကျမ်းအကိုးအကားတို့ကိုမှီး၍ စာမရီအကြောင်းကို ကိုယ်ပိုင်ဟန်ဖြင့် ပြည့်စုံစွာ ရေးသားတင်ပြထားသည့်အတွက် စာဖတ်သူများ ဗဟုသုတတိုးပွားစေမည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည်။ 

အဆိုပါစာအုပ်ကို ရောင်းဈေး (၁၅၀၀) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။
 

အကြံပြုစာ/တိုင်ကြားစာ