“ဇော်လွင်ဦး (ဟင်္သာတ)” ရေးသားသည့် “ထနော့'' စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ လိုက်ပြီဖြစ်ပါသည်။
အဆိုပါစာအုပ်သည် ၂ဝ၁၈ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာ ဆိုင်ရာစာပေ ဒုတိယဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိ လိုက်ခြင်း ဖြစ်သည်။
“ဇော်လွင်ဦး (ဟင်္သာတ)” ၏ “ထနော့'' စာအုပ်သည် ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်၊ တောင်ပို့လှ ကျေးရွာဝန်းကျင်တွင် တွေ့ရသော လူသိနည်းလှသည့် ထနော့တိုင်းရင်းသားတို့၏ ဘဝနှင့်ဒေသအကြောင်းကို ရေးသား တင်ပြထားသည်။ ထို့ပြင် ထနော့တိုင်းရင်းသားများနှင့်ပတ်သက်၍ ဒေသန္တရ ပထဝီဝင်၊ ပျံ့နှံ့ရာဒေသနှင့် လူဦးရေ၊ ဘာသာရေးနှင့် ထုံးတမ်းစဉ်လာ၊ ယုံကြည်မှု၊ ဓလေ့စရိုက်၊ စာပေနှင့်ဘာသာစကား၊ လူမှုရေး၊ ရိုးရာပွဲတော်၊ စီးပွားရေး၊ အုပ်ချုပ်ရေးအကြောင်းတို့ကို ပြည့်ပြည့်စုံစုံ ရေးသားထားသည့်အပြင် ဓာတ်ပုံများနှင့်လည်း အားဖြည့်ထားသဖြင့် ဗဟုသုတများစွာရသည့် စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါသည်။
အဆိုပါစာအုပ်ကို ရောင်းဈေး (၁၆ဝဝ) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန် စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။