“နိုင်မြင့်” ရေးသားသည့် “စက်ဘီးကလေးနှင့် ကလေးဝတ္ထုတိုများ” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ လိုက်ပြီဖြစ်ပါသည်။
အဆိုပါစာအုပ်သည် ၂ဝ၁၇ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် ကလေးစာပေ တတိယဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။
“စက်ဘီးကလေးနှင့် ကလေးဝတ္ထုတိုများ” စာအုပ်တွင် ကလေးများအတုယူစရာ၊ စဉ်းစားစရာ၊ ဆင်ခြင်နိုင်စရာ ဝတ္ထုလေးများ တွေ့ရသည်။ စက်ဘီးကလေး၊ ရေတွင်းထဲက နဂါးကြီး၊ ယုန်ကလေးဖြူဖွေး၊ မီးသတိပြု၊ အိုင်ဖုန်းကလေး၊ ကျောင်းစာကြည့်တိုက်၊ မိုးဦးကျလေဦးကျ၊ မြန်မာစာသည် တို့စာ … စသည်ဖြင့် ကလေးများသိသင့်၊ ဖတ်သင့်သည့် ဝတ္ထုတိုလေးများကို တွေ့ရသည်။ ဝါကျဖွဲ့ပုံ အနည်းငယ်ရှည်လျားသည်မှအပ အဓိပ္ပာယ်ရှင်းအောင် ရေးနိုင်သည့် စာအုပ်ကောင်း တစ်အုပ်ဖြစ်ပါသည်။
အဆိုပါစာအုပ်ကို တန်ဖိုး ၁၅၀၀ ကျပ်ဖြင့် အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၈၂၄၉၀၃၁၊ ဝ၁-၈၃၈၁၄၄၈) စာပေဗိမာန်စာအုပ်ဆိုင်က ဖြန့်ချိပြီး နေပြည်တော် သပြေကုန်းစျေးရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၆၇-၃၄၁၄၆၈၁)၊ မန္တလေးမြို့ ၈၆ လမ်း (၂၁ လမ်းနှင့် ၂၂ လမ်းကြား) ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၂-၄၀၃၀၁၈၆) တို့နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်ဆိုင်များတွင် ဝယ်ယူရရှိနိုင်ပါသည်။ လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၈၂၄၉၀၃၁၊ ဝ၁-၈၃၈၁၄၄၈) စာပေဗိမာန် စာအုပ်ဆိုင်သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။