၁၉၇၃ ခုနှစ်၊ ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၄ဝ ကျော် စာချစ်သူများ လက်ခံ အားပေးလာခဲ့သော စာပေဗိမာန်ထုတ် သုတပဒေသာစာစောင် ၂၀၂၁ ခုနှစ်၊ ဇွန်လ၊ အတွဲ ( ၄၈)၊ အမှတ်(၆) ကို ထုတ်ဝေလိုက်ပြီ ဖြစ်ပါသည်။
လူငယ်များအတွက် အဓိကဦးတည်သော သုတပဒေသာစာစောင်၏ မျက်နှာဖုံးဆောင်းပါး ကဏ္ဍမှာ '' သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု ဖွံ့ဖြိုးရေး'' ဖြစ်ပါသည်။ မျက်နှာဖုံးဆောင်းပါးကဏ္ဍတွင် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းမှု ဖွံ့ဖြိုးတိုးတက်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု ဖွံ့ဖြိုးရေး၊ ကဗျာကဏ္ဍတွင် ဘဝဟူသည်၊ အတွေးအခေါ်နှင့် တက်ကျမ်းဆိုင်ရာကဏ္ဍတွင် မပြတ် သားသော မက်ဆေ့ချ်များပေးခြင်း၊ သုံးထပ်ကွမ်း အိုလံပစ်ချန်ပီယံ၊ စိတ်ခံစားမှုဆိုင်ရာ အသိဉာဏ်၊ နိုင်ငံတကာဆိုင်ရာကဏ္ဍတွင် ပညာရေးကို အလွန်အလေးထားသောနိုင်ငံ၊ လပ်ဟာခဲ့တဲ့တစ်နေရာ၊ စီမံခန့်ခွဲမှုဆိုင်ရာကဏ္ဍတွင် ထက်မြက်သောစီမံခန့်ခွဲမှု၊ သဘာ၀ပတ်ဝန်းကျင် ရှုထောင့်ဆိုင်ရာကဏ္ဍ တွင် မြေဆီလွှာနှင့် သတ္တလောက၊ သဘာဝဘေးအန္တရာယ်နှင့် ကျန်းမာရေးစောင့်ရှောက်မှု၊ သိပ္ပံနှင့် နည်းပညာဆိုင်ရာကဏ္ဍတွင် အချိန်ထက် တန်ဖိုးကြီးသောနာရီများ၊ ဂလိုဘယ်လိုက်ဇေးရှင်းနှင့် အိုင်စီတီတော်လှန်ရေး၊ နေစကြဝဠာအတွင်း သက်ရှိရှာဖွေခြင်း၊ ကလေးအလုပ်သမားဆိုင်ရာကဏ္ဍ တွင် တို့ကမ္ဘာမြေလှပဖို့ ကလေးအလုပ်သမားပပျောက်စို့၊ မူးယစ်ဆိုင်ရာကဏ္ဍတွင် အချိန်မတိုင်မီ မကြွေလွင့်စေဖို့၊ ကျန်းမာရေးဆိုင်ရာကဏ္ဍတွင် ဆန်းသစ်ဖွေရှာ ဆေးပညာ (၂၃၄)၊ ရိုတာဗိုင်းရတ် ပိုးကြောင့် ဖြစ်ပွားသော ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ဖြစ်ရပ်မှန်ကဏ္ဍတွင် အစ်မရဲ့ ရယ်သံ၊ စွမ်းအားကြီးမား ဖခင်၏ ချစ်မေတ္တာတရား၊ စက်ဘီးပေါ်မှ ဘဏ်ဓားပြ၊ ဝတ္ထုတိုကဏ္ဍတွင် သားကို ရှာပေးကြပါ၊ စိတ်ကြောင့်ကြေ၊ နစ်မြုပ်သင်္ဘောတစ်စင်း၊ ချစ်ခရီးအဖော်မွန်၊ အထွေထွေကဏ္ဍတွင် အမြဲတမ်းအတွက် အဖော်မွန်နှင့် ဟာသ စသည်ဖြင့်် ကဏ္ဍမျိုးစုံဆောင်းပါးများ ပါဝင်ပါသည်။
သုတပဒေသာစာစောင်ကို တစ်အုပ်လျှင် ၂၅ဝဝ ကျပ်နှုန်းဖြင့် စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (တ-၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်၊ ဖုန်း ဝ၆၇-၃၄၁၄၆၈၁၊ စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၂၄၉ဝ၃၁၊ ၀၁- ၃၈၁၄၄၈၊ စာပေဗိမာန် စာအုပ်ဆိုင်၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေး၊ ဖုန်း ဝ၂- ၄၀၃ဝ၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများ၊ မန္တလေးမြို့ရှိ ထွန်းဦးစာပေ၊ နဂါးစာပေနှင့် မြို့အသီးသီးရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံ ဝယ်ယူရရှိနိုင်ပြီး လက်ကားမှာယူလိုပါက စာပေဗိမာန်စာအုပ်ဆိုင် အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၂၄၉ဝ၃၁၊ ၀၁-၃၈၁၄၄၈ သို့ ဆက်သွယ် မှာယူနိုင်ပါသည်။