“မောင်ချစ်ထွေး (မဟာဝိဇ္ဇာ)” ရေးသားသည့် “မြစ်ဝမဲဇာ မြစ်ညာခိုတောင်” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ

“မောင်ချစ်ထွေး (မဟာဝိဇ္ဇာ)” ရေးသားသည့် “မြစ်ဝမဲဇာ မြစ်ညာခိုတောင်” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ လိုက်ပြီဖြစ်ပါသည်။

အဆိုပါစာအုပ်သည် ၂ဝ၁၆ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် စာပဒေသာ ဒုတိယဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။

“မြစ်ဝမဲဇာ မြစ်ညာခိုတောင်” စာအုပ်တွင် စစ်ကိုင်းဒေသကြီး ကသာခရိုင် မြစ်ဝမဲဇာ၏ သဘာဝအလှအပစုံလင် ရှုမငြီးသည့် မြစ်ချောင်းတောတောင် မြင်ကွင်းများ၊ မြန်မာ၊ ရှမ်း၊ ကတူး၊ ကနန်း လူမျိုးစုများ၏ ရှည်လျားသော နောက်ခံသမိုင်း၊ ထိုသမိုင်းကြောင်းကို အခြေပြုကာ လက်ရှိဖြစ်ပျက်မှု အခြေအနေများကို ယထာဘူတကျကျ သုံးသပ်တင်ပြထားရာတွင် ရသမြောက်အဖွဲ့အနွဲ့များ ထုံမွမ်းလျက် လက်ရာကောင်းသည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည်။

အဆိုပါစာအုပ်ကို တန်ဖိုး ၁၇၀၀ ကျပ်ဖြင့် အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၈၂၄၉၀၃၁၊ ဝ၁-၈၃၈၁၄၄၈) စာပေဗိမာန်စာအုပ်ဆိုင်က ဖြန့်ချိပြီး နေပြည်တော် သပြေကုန်းစျေးရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၆၇-၃၄၁၄၆၈၁)၊ မန္တလေးမြို့  ၈၆ လမ်း (၂၁ လမ်းနှင့် ၂၂ လမ်းကြား) ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၂-၄၀၃၀၁၈၆) တို့နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်ဆိုင်များတွင် ဝယ်ယူရရှိနိုင်ပါသည်။ လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၈၂၄၉၀၃၁၊ ဝ၁-၈၃၈၁၄၄၈) စာပေဗိမာန် စာအုပ်ဆိုင်သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

 

အကြံပြုစာ/တိုင်ကြားစာ